သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)ဖွင့်ပွဲကျင်းပသမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)ဖွင့်ပွဲကျင်းပ

 

နေပြည်တော်   ဇွန်  ၁၆


သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)ဖွင့်ပွဲကို ဇွန် ၁၆ ရက် နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး  သမဝါယမစာရင်းရေး စာရင်းကိုင်    သက်မွေးပညာ သင်တန်းကျောင်း   (မကွေး)၌   ကျင်းပသည်။ 

 


အခမ်းအနားတွင်     မကွေး တိုင်းဒေသကြီး      ဝန်ကြီးချုပ် ဦးတင့်လွင်က သမဝါယမပညာရပ် မှာ စာရင်းရေး  စာရင်းကိုင်ပညာ ရပ်သည်   အဓိကကျပါကြောင်း၊    အလုပ်အကိုင်အခွင့်အလမ်းရရှိရန် အတွက်လည်း    သေချာသည့် ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ယခု လို    တိုင်းဒေသကြီး/ပြည်နယ်   ငါးခု မှာရှိသော စာရင်းရေး စာရင်း ကိုင်    သက်မွေးပညာသင်တန်း ကျောင်းများမှ    ကွန်ပျူတာနှင့်    စာရင်းရေး         စာရင်းကိုင်ပညာ တတ်ကျွမ်းသူများကို   မွေးထုတ် ပေးနိုင်မည်   ဖြစ်သည့်အတွက် တိုင်းပြည်အတွက်      ဂုဏ်ယူမိ ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်လည်း ဤကျောင်း ကြီး၏ လိုအပ်ချက်များကို  အတတ် နိုင်ဆုံး  ကူညီဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်ပြီး    သမဝါယမ ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက   ဤသင်တန်း ကျောင်းမှ နှစ်စဉ်သင်တန်းကာလ သုံးလခွဲနှင့် CBA (Certificate in Book-Keeping & Accountancy) ကို  အခြေခံပညာအထက်တန်း အဆင့်ပြီးမြောက်သူများအတွက် တစ်နှစ်လျှင် နှစ်ကြိမ် သင်ကြား ပို့ချပေးနိုင်ခဲ့ပြီး  အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိခဲ့ ကြောင်း    ပြောကြားသည်။ ထို့နောက်   သမဝါယမသင်တန်း ကျောင်း ကျောင်းအုပ်က ကျောင်း ဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို     ရှင်းလင်း ပြောကြားသည်။ 

 


ထို့နောက်     သင်တန်းသား သင်တန်းသူ    ၁၀၂  ဦးအတွက် ကျောင်းဝတ်စုံများ၊ ဖျာနှင့် ခြင် ထောင်များ၊   အားကစားပစ္စည်း များနှင့် စာရေးကိရိယာများအပြင် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။    

                 သတင်းစဉ်