ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်း

 

နေပြည်တော်  ဇွန်   ၁၆


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင်များ အား   ၎င်းတို့၏  မိဘအုပ်ထိန်းသူများထံသို့  ထပ်မံ လွှဲပြောင်းပေးအပ်ခြင်းကို   ယနေ့နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်ရှိ   နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ           အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင်နှင့်  တာဝန်ရှိသူများ၊  ဥပဒေဘောင် အတွင်း  ဝင်ရောက်လာသူများနှင့် ၎င်းတို့၏       မိဘ အုပ်ထိန်းသူများ   တက်ရောက်ကြသည်။

 


ဦးစွာ    ဗိုလ်မှူးချုပ်  အောင်အောင်နှင့်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က   နယ်မြေဒေသ   တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေဆိုင်ရာပုဒ်မ များကို   ရှင်းလင်းဆွေးနွေးပြောကြားသည်။ 

 


ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီးနှင့်    မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ထောက်ပံ့ပစ္စည်း များ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

 


PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက် များနှင့်အညီ  ဥပဒေဘောင်အတွင်းသို့  လက်နက် အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင် အတွင်း    ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ   တာဝန်ရှိသူများက  ၎င်းတို့၏  မိဘ အုပ်ထိန်းသူများထံသို့   လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သိရသည်။      
                   

သတင်းစဉ်