သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇွန်  ၁၅


သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်   တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက်ပိုင်းက သမဝါယမနှင့်   စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိ ပြီး အေးချမ်းပျော်ရွှင်စွာ ပညာ သင်ယူနေကြသည့် ပထမနှစ်နှင့် စတုတ္ထနှစ်         ကျောင်းသား ကျောင်းသူများနှင့်    တွေ့ဆုံပြီး အားပေးစကား      ပြောကြားသည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်ဘက်စုံသုံး ခန်းမ၌   ပါမောက္ခချုပ်၊  ဒုတိယ ပါမောက္ခချုပ်များ၊   ဝန်ထမ်းများ နှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက သမဝါယမပညာရပ်များ သင်ကြား ပို့ချပေးနေမှုနှင့်    တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက   လိုအပ်သည် များ မှာကြားပြီး ကျောင်းစာကြည့် တိုက်၊    စာသင်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ 

 


ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်  ရန်ကုန်တိုင်းဒေသ ကြီး    မြောက်ဥက္ကလာပမြို့နယ်ရှိ      အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံ သို့    ရောက်ရှိပြီး   လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေမှုနှင့်   အလုပ်ရုံအတွင်းရှိ   စက် ကိရိယာများကို  ကြည့်ရှုစစ်ဆေး သည်။

 
 သတင်းစဉ်