နေပြည်တော် ဇွန် ၁၅
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲအသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ်(၇၀)ကို ဇွန် ၁၇ ရက် တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာမျှဝေမှုအစီ အစဉ်ကို အစီအစဉ်တင်ဆက်သူ ထူးပြည့်အောင်နှင့် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော် အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇွန် ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့များ တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HDမှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



