ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာခြင်း

 

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊  နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများ သည်  မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနသည်   အဆိုပါစာအုပ်စာစောင်များကို   အမျိုးသားစာကြည့်တိုက်၊   အမျိုးသားမှတ်တမ်းများ   မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင်  ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း  ထုတ်ဝေသော စာအုပ်စာတမ်းများ စာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။

 


သို့ပါ၍ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ(က)ပါ ပြဋ္ဌာန်းချက်များ အရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ ၆ အုပ် သို့မဟုတ် ၆ စောင်ကို  ဖြန့်ချိသည့် နေ့ရက်မှစ၍ ၇ ရက်အတွင်း ပုံနှိပ်သူထံပေးအပ်ပြီး ပုံနှိပ်သူသည် ၁၄ ရက်အတွင်း  ပုံစံ ၁၁ ဖြင့် ပြန်ကြား ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ မပျက်မကွက် ပေးအပ်ကြပါရန် အသိပေးကြေညာ အပ်ပါသည်။ 


ပြန်ကြားရေးဝန်ကြီးဌာန