ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။ 


အသိအမှတ်ပြုလက်မှတ်   သက်တမ်းကုန်ဆုံးပါက  နည်းဥပဒေ ၂၁ အရ  သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍  ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေ ကျပ်တစ်သောင်း ပေးသွင်း ၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန်  လာရောက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 

 


သက်တမ်းကုန်လွန်သော အသိအမှတ်ပြုလက်မှတ်များဖြင့်  လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့် မရှိ ကြောင်းနှင့်  သက်တမ်းကုန်ဆုံးပြီး  လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက  ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 


အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃ ၊  ၀၁-၅၄၄၅၈၂ ၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 


ပြန်ကြားရေးဝန်ကြီးဌာန