ပဲခူး ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီးအတွင်း ယခင် ကတစ်နှစ်တစ်သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်နှစ်သီး စိုက်ပျိုးနိုင်ရေး၊ ယခင်တစ်နှစ် နှစ်သီး စိုက်ပျိုးခဲ့သည့် မြေနေရာ များတွင် တစ်နှစ် သုံးသီး စိုက်ပျိုး နိုင်ရေး စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လိုအပ်သော စိုက်ပျိုးရေရရှိရေးကို ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထွက်တိုးစပါး မျိုးတူ စိုက်ပျိုးနိုင်ရေး သက်ဆိုင် ရာ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်း အသိပညာပေးခြင်းနှင့် စပါးမျိုး ရရှိစေရေး စီစဉ်ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ရေငန် ဝင်ရောက်သည့် ဒေသများတွင် ရေငန်ဒဏ်ခံစပါး စံပြကွက်များ စိုက်ပျိုးသွားရမည် ဖြစ်ကြောင်း၊ ဆည်ရေသောက် ဧရိယာများ၌ တစ်နှစ်သုံးသီး အပြည့်အဝ စိုက်ပျိုးသွားရမည် ဖြစ်ကြောင်း၊ အောင်မြင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းအပြင် နေကြာကို သီးထပ်၊ သီးညှပ်၊ သီးသန့်စိုက်ခင်း များအဖြစ် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်း များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး မွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး လုပ်ငန်းဆောင်ရွက်မှုများ ကို ရှင်းလင်းတင်ပြကြရာ တိုင်း ဒေသကြီးဝန်ကြီးများနှင့် တာဝန် ရှိသူများက ဖြည့်စွက်တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်



