နေပြည်တော် ဇွန် ၁၅
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဗီနေး ကူးမား ဦးဆောင်သောအဖွဲ့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အိန္ဒိယနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်သော ယာကြီး - ကလေးဝ လမ်းပိုင်းကို နှစ်လမ်း သွားလမ်း အဆင့်မြှင့်တင်ခြင်း၊ ပလက်ဝ-ဇိုရမ်ပူ လမ်းအဆင့်မြှင့် တင်ခြင်း၊ ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ် တည်ဆောက်မည့် လုပ်ငန်းအစီ အစဉ်များ၊ တမူးနယ်စပ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေး ရေးဂိတ် (Integrated Check Post) တည်ဆောက်ရေးကိစ္စရပ် များ၊ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



