ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

 

နေပြည်တော်   ဇွန်   ၁၅


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ယနေ့ နံနက်ပိုင်းတွင်  မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို  နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    နှစ်နိုင်ငံအကြား  လယ်ယာကဏ္ဍ ဆိုင်ရာ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး ရေး    ပူးပေါင်းဆောင်ရွက်မှုများ   မြှင့်တင်ရေး၊ လယ်ယာထွက်ကုန် တင်သွင်းတင်ပို့မှုဆိုင်ရာ အရည် အသွေး စံသတ်မှတ်ချက် သဘောတူညီမှု ညှိနှိုင်း ဆောင်ရွက်ရေး၊ စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များ အား တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှုဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု   ပူးပေါင်းဆောင်ရွက်ရေး  ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။      

                     

သတင်းစဉ်