နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့

 

နေပြည်တော်   ဇွန်   ၁၅


တစ်နိုင်ငံလုံး   ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့်  လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက်  ရည်ရွယ် ၍   ဧပြီ ၂၂ ရက်တွင်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ် မှူးကြီး        မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး ရန်   ဖိတ်ခေါ်ခဲ့ရာ    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဒုတိယဥက္ကဋ္ဌ(၁)  ခွန်ထွန်းတင် ဦးဆောင်သည့်      ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည်   ယနေ့ မွန်းလွဲပိုင်းတွင်   နေပြည်တော်သို့ ရောက်ရှိကြသည်။

 


 ကြိုဆို


အဆိုပါ    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့် ငြိမ်းချမ်းရေး  ကိုယ်စားလှယ်အဖွဲ့ သည်     မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့  ရောက်ရှိကြရာ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်      ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊     အနု ပညာဦးစီးဌာနမှ    တိုင်းရင်းသား တိုင်းရင်းသူများ၊    ဌာနဆိုင်ရာ ဝန်ထမ်းများ၊    ငြိမ်းချမ်းရေးကို လိုလားသည့်  ဒေသခံပြည်သူများ က         ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်         ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည်   နိုင်ငံ သားအားလုံး၏ ဆန္ဒအမှန်   ဖြစ် သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်း ဖို့       တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ     စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်         အေးချမ်းရ စသည့် စာသားပါ  ဆိုင်းဘုတ်များ နှင့်   နိုင်ငံတော်အလံငယ်များကို ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြကြောင်း သိရသည်။           
   

သတင်းစဉ်