နေပြည်တော် ဇွန် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းပြား တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တပ်နယ်ရိပ်သာ၌ တွေ့ဆုံ၍ အမှာစကားပြောကြား သည်။
လူမှန်နေရာမှန်ဖြင့် မျှတစွာတာဝန်ပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကား ပြောကြားရာတွင် တပ်မတော်သားများဖြစ်၍ သွားလာနေထိုင်မှုမှအစ လုပ်ငန်းတာဝန် ထမ်း ဆောင်မှုများတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် တစ်ဦးကောင်း တစ်ယောက် ကောင်း လုပ်၍မရဘဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အဖွဲ့အစည်းလိုက် မိသားစုပုံစံ ဖွဲ့စည်း ဆောင်ရွက်ရသဖြင့် အချင်းချင်း နားလည်မှုနှင့် စည်းလုံးညီညွတ်နေရန်လိုကြောင်း၊ စည်းလုံး ညီညတ်ရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်မှ ဖြည့်ဆည်းပေးသော ထောက်ပံ့ပေးမှုများကို အချိန်မီ မှန်မှန်ကန်ကန်ရရှိအောင် တာဝန်ရှိသူများက စီမံ ဆောင်ရွက်ပေးရန်လိုကြောင်း၊ တာဝန်ပေးအပ်ရာ တွင်လည်း လူမှန်နေရာမှန်ဖြင့် မျှတစွာတာဝန်ပေးရန် လိုကြောင်း၊ တပ်မှူးများသည် အရာရှိ၊ စစ်သည် မိသားစုများ၏ ဘဝလုံခြုံရေးကို တပ်မတော်၏ ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးရန် တာဝန်ရှိ၍ ထိုသို့ဆောင်ရွက် ပေးခြင်းဖြင့် ပေးအပ်သောတာဝန်ကို နောက်ဆံ မတင်းဘဲ ကျေပွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထောက်ပံ့ပေးသည့်ရသင့်ရထိုက်သည် များ အချိန်မှန်ရရှိရန်မှာ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာလုပ်ငန်းတာဝန်များကို မလစ်ဟင်းအောင် ကြပ်မတ်နေရမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် စစ်ပညာများကို မေ့ထား၍မရဘဲ လက်တွေ့အသုံးချ နိုင်ရန်လိုကြောင်း၊ ထိုသို့အသုံးချနိုင်ရန်မှာ အမြဲတမ်း လေ့ကျင့်မှုဖြင့်သာ ရရှိနိုင်မည်ဖြစ်၍ စဉ်ဆက်မပြတ် လေ့ကျင့်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန် အတွက် အသင့်ဖြစ်နေစေရေး ပြင်ဆင်ထားရန် လိုကြောင်း။
ကူညီပံ့ပိုးပေးကြရန်လို
ပညာရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်အကြီး အကဲအနေဖြင့် ရှေးယခင်ကပင် အားပေးချီးမြှောက်မှု များ ပြုလုပ်ခဲ့ပြီး ပညာရေးထောက်ပံ့မှုများ သတ်မှတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထူးချွန်သူများကိုလည်း ချီးမြင့်မြှောက်စားသကဲ့သို့ အဆင့်မြင့်ပညာရေးတွင် ထူးချွန်သူများကို မဟာတန်း၊ ပါရဂူတန်းများအထိ သင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့ဖြစ်၍ တပ်မတော်သားများနှင့် မိသားစုဝင်များ အနေဖြင့် ရရှိသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင် ကာ အကျိုးရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း နှင့် တပ်တွင်းနေ မိသားစုသားသမီးများအနေဖြင့် လည်း အနည်းဆုံး KG+9 အောင်မြင်စေရန် သက်ဆိုင် ရာမိဘများသာမက တပ်ပိုင်းဆိုင်ရာဦးစီးဦးဆောင် ပြုနေသည့် တာဝန်ရှိသူများကပါ ကူညီပံ့ပိုးပေးကြရန်လိုအပ်ကြောင်း။
ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း
ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ တပ်မတော် သားတို့၏ လုပ်ငန်းသဘော သဘာဝအရ ကျန်းမာ ကြံ့ခိုင်နေရန် အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင် မှသာ မိသားစုအရေး၊ နိုင်ငံအရေးတာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်ဌာနချုပ်များ တွင်လိုအပ်သော ဆေးမှူး၊ သူနာပြု၊ သားဖွားဆရာမ များဖြင့် လုံလောက်စွာဖွဲ့စည်း၍ ဆေးဝါးကိရိယာများ ဖြည့်ဆည်းပေးထားပြီးဖြစ်ကြောင်း၊ မိုးတွင်းကာလ မိုးရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများ ကျန်းမာရေးအသိရှိစွာဖြင့် ကြိုတင်ကာကွယ်သွားရန် လိုကြောင်း၊ ကျန်းမာရေးအတွက် တစ်ဦးချင်းနှင့် မိသားစုအလိုက် ကိုယ်တိုင် ထိန်းသိမ်းဂရုစိုက်၍ နေထိုင်စားသောက်သွားကြရန် လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များ အပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည် မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံ ရယူကြသည်။
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြ သည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



