နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမ်းမြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

 

အမ်းမြို့သည် ကုန်းလမ်းပို့ဆောင်ရေးအရ အချက်အချာကျသော နေရာဖြစ်သဖြင့် 
ပထဝီအနေအထားအရ ကိုက်ညီသော စီးပွားရေးလုပ်ငန်းများ ဖန်တီးဖော်ဆောင်

 

နေပြည်တော်  ဇွန်   ၁၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် အမ်းမြို့ရှိ ရွှေအမ်းတောင် ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊  မြို့နယ်အဆင့်   ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည်။ 

 


အဆိုပါတွေ့ဆုံပွဲသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ     ဖြစ်ကြသည့်   ဒေါ်အေးနုစိန်၊ ဦးရွှေကြိမ်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာအောင်ကျော်မင်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊   အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


ဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အမ်းမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ဒေသဆိုင်ရာ အခြေအနေများကို ပါဝါပွိုင့်ဖြင့်ရှင်းလင်း တင်ပြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

 


ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊  ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က တစ်ဦးချင်း  မိတ်ဆက်ကြသည်။

 


ပူးပေါင်းကာကွယ်တားဆီး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင်  အမ်းမြို့နယ်သည်  ၂၀၂၂   ခုနှစ် ဧပြီ ၃၀ ရက်တွင်  ခရိုင်အဖြစ်သို့    တိုးမြှင့်ဖွဲ့စည်း ခဲ့သဖြင့်     အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စများတွင် ကျောက်ဖြူမှတစ်ဆင့် သွားရန်မလိုဘဲ ပြည်နယ်သို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့်  လုပ်ငန်း များ မြန်ဆန် ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ ခရိုင် ၏  လုပ်ပိုင်ခွင့်သည်ကြီးမားပြီး   တရားရေးဆိုင်ရာ ကဲ့သို့သော  အဆုံးအဖြတ်ပေးနိုင်သည့်  အခွင့်အာဏာ များ  ပေးအပ်ထားသဖြင့်  ခရိုင်ဖွဲ့စည်းလည်ပတ်နိုင် ရေး လုပ်နိုင်သည်များ အမြန်ပြီးစီးအောင် လုပ်ဆောင် ရန်လိုကြောင်း၊  အမ်းမြို့နယ်သည် နိုင်ငံ၏အလယ် ပိုင်းနှင့် ရခိုင်ပြည်နယ်အတွက် ဝင်ထွက်ပေါက်နေရာ ဖြစ်ပြီး တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ၊ မင်းဘူး မြို့များသို့ သွားရောက်နိုင်သည့် ဆုံချက်နေရာဖြစ်၍ အရေးပါသောမြို့တစ်မြို့ဖြစ်ကြောင်း၊   ထိုကဲ့သို့ အရေးပါသော မိမိတို့တာဝန်ထမ်းဆောင်ရာ  မြို့မှ တစ်ဆင့်   မဖြစ်သင့်မဖြစ်ထိုက်သည့်   တရားမဝင် ကိစ္စရပ်များ၊ မဖြစ်သင့်မဖြစ်ထိုက်သည့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ လုံးဝ မဖြစ်စေရေး အမျိုးသားရေး အသိစိတ်၊ နိုင်ငံရေးအသိစိတ်၊ လုံခြုံရေးအသိစိတ်တို့ ဖြင့်  ဒေသနေပြည်သူများနှင့်   ပူးပေါင်းကာကွယ် တားဆီးကြရန် လိုကြောင်း။ 

 


ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဒေသတစ်ခု၊ နိုင်ငံ တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် နယ်မြေ တည်ငြိမ်အေးချမ်း မှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများကို ကြည့်ပါက တည်ငြိမ်အေးချမ်းမှုကိုတွေ့နိုင်ပြီး ဖွံ့ဖြိုး ဆဲနိုင်ငံအများစုသည်   လက်နက်ကိုင်ပဋိပက္ခများ အနည်းနှင့်အများရှိနေသည်ကို တွေ့မြင်ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်မှစတင်၍ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးရရှိရန် နည်းအမျိုး မျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း ခေတ်အဆက် ဆက်တွင် အောင်မြင်ခဲ့သည်များရှိခဲ့သလို မအောင် မြင်မှုများလည်း   တွေ့ခဲ့ရကြောင်း၊     အနီးစပ်ဆုံး ကြည့်ပါက ၂၀၁၁ -၂၀၁၅ ပါတီစုံဒီမိုကရေစီ ပထမ အစိုးရသက်တမ်းကာလတွင်     တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့   ရှစ်ဖွဲ့ဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒုတိယပါတီစုံ ဒီမိုကရေစီ အစိုးရကာလတွင်  နှစ်ဖွဲ့ဖြင့် ထပ်မံလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ၁၀ ဖွဲ့အထိ လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊  လက်ရှိအချိန်တွင်    နိုင်ငံတော်ဝန်ကြီး ချုပ်၏ ဖိတ်ခေါ်မှုအရ မြန်မာနိုင်ငံအတွင်းရှိ ပါတီစုံ ဒီမိုကရေစီစနစ်အား လိုလားဆန္ဒရှိကြသည့်၊ လက်ခံ ကြသည့် တိုင်းရင်းသားပြည်သူလူထုအများစု၏ ဆန္ဒ ကို   လက်ခံသဘောပေါက်ကြသည့်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီတို့နှင့်   တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်၍ ထပ်မံလာရောက်ဆွေးနွေးမည့် အဖွဲ့များလည်းရှိနေသေးကြောင်း။ 

 


နိုင်ငံအလိုက် ပုံစံအမျိုးမျိုး ကွဲပြား


 ငြိမ်းချမ်းရေးတွင်    အဓိကလိုအပ်ချက်သည် ထာဝရငြိမ်းချမ်းရေးရရှိပြီး    လက်နက်ကိုင်ပဋိပက္ခ လုံးဝထပ်မံမဖြစ်ပေါ်စေရေးပင်ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးကို မျှော်မှန်း၍ ငြိမ်းချမ်းရေးဆွေးနွေးရာ တွင်  တိုင်းရင်းသား၊ ပြည်သူတို့လိုလားချက်ဖြစ်သော  ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ကို အခြေခံသည့်  ပြည်ထောင်စုစနစ်ကို  မူဘောင် အဖြစ်  ရပ်တည်ကာ  ထာဝရငြိမ်းချမ်းရေးအတွက်    ဆက်လက်ညှိနှိုင်း ဆွေးနွေးမှုများ     ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုနှင့် ပြည်နယ်များ အာဏာကို  ခွဲဝေအုပ်ချုပ်ခြင်းဖြစ်ပြီး ကျင့်သုံးသည့် နိုင်ငံအလိုက်  ပုံစံအမျိုးမျိုး ကွဲပြား ကျင့်သုံးကြကြောင်း၊  မိမိတို့   နိုင်ငံအနေဖြင့်လည်း ဒေသ၊  လူမျိုး၊   သမိုင်းကြောင်းကို    အခြေခံ၍    လိုက်လျောညီထွေသည့်ပုံစံဖြင့်    ဆောင်ရွက်ရန် လိုအပ်ကြောင်း၊   လိုချင်သည့်အရာကို  လက်နက် ကိုင်၍ တောင်းဆိုခြင်းထက် ငြိမ်းချမ်းရေးစားပွဲဝိုင်း ၌တောင်းဆိုခြင်း၊ ပြည်သူ့ကိုယ်စားလှယ်အနေဖြင့်    လွှတ်တော်အတွင်း၌  တောင်းဆိုခြင်းသည် ပြည်သူ လိုလားသော  တောင်းဆိုနည်းအမှန်ဖြစ်ကြောင်း၊ အများပြည်သူလိုလားသည့်   ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်နိုင်ရန် ဖိတ်ခေါ်ထားဆဲဖြစ်ကြောင်း။  

 


ထို့အပြင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ရှေ့လုပ်ငန်းစဉ်များမှ    နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်၍     တရားမျှတသော     အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရန်     နယ်မြေတည်ငြိမ် အေးချမ်းရန်လိုကြောင်း၊ တည်ငြိမ်မှုမရှိပါက တရား မျှတသော    ရွေးကောက်ပွဲပြုလုပ်နိုင်မည်   မဟုတ် သကဲ့သို့     ပြည်သူ့ကိုယ်စားလှယ်     အစစ်အမှန် ရွေးချယ်နိုင်မည်    မဟုတ်ကြောင်း၊    ပြီးခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ      အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့သော      ယာယီတိုက်ပွဲရှောင်များကို ယခုလို အေးချမ်းနေသည့်အချိန်တွင် မူလနေရာသို့ ပြန်လည်နေထိုင်နိုင်ရေးနှင့်    အလုပ်အကိုင်ပုံမှန် ပြန်လည်လုပ်ကိုင်နိုင်ရေး    စီမံဆောင်ရွက်ပေးရန် လိုကြောင်း။

 


စီးပွားရေးလုပ်ငန်းများ ဖန်တီးဖော်ဆောင်


စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍  အမ်းမြို့သည် ကုန်းလမ်းပို့ဆောင်ရေးအရ အချက်အချာကျသော နေရာဖြစ်သဖြင့်   ပထဝီအနေအထားအရ   ကိုက်ညီ သော စီးပွားရေးလုပ်ငန်းများ ဖန်တီးဖော်ဆောင်ပေးရန်လိုကြောင်း၊ အမ်းမြို့နယ်တွင် လူဦးရေ ၁၂၀၀၀၀ ကျော် နေထိုင်ပြီး အသားတင်စိုက်ပျိုးမြေဧက ၆ သောင်းကျော်ရှိသဖြင့် စိုက်ပျိုးမြေဧက လုံလောက်မှု ရှိရာ  စပါးအပါအဝင်  အခြားသီးနှံများ   ပန်းတိုင် အထွက်ရရှိအောင် လုပ်ဆောင်ခြင်းဖြင့် ဒေသဖူလုံမှု အပြင်    ပြည်ပသို့      ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏   လမ်းညွှန်ချက်နှင့်အညီ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေး၊ တိုင်းပြည်သာယာဝပြောရေးအတွက် ပန်းတိုင် အထွက်ပြည့်မီရန်    လိုအပ်နေသဖြင့်    စိုက်ပျိုးရေး ဝန်ကြီးဌာနအနေဖြင့်   နည်းပညာ၊    အဆင့်မြင့် မျိုးကောင်း မျိုးသန့်ရရှိစိုက်ပျိုးနိုင်ရေး အကြံဉာဏ် ပေးခြင်း၊ ပညာပေးခြင်းဖြင့် ပံ့ပိုးသွားရန်လိုကြောင်း၊ မွေးမြူရေးအနေဖြင့်  တပ်တောင်နှင့် ပတ်ဝန်းကျင် ကမ်းရိုးတန်းနေရာများသည် ရေလုပ်ငန်းဖြစ်ထွန်းနိုင် ပြီး ဂဏန်း၊ ပုစွန်၊ မွေးမြူမှုကို  မိရိုးဖလာ သဘာဝ မွေးမြူခြင်းအစား   အဆင့်မြင့်နည်းပညာ   ရယူ၍ သိပ္ပံနည်းကျလုပ်ဆောင်ခြင်းဖြင့် စီးပွားဖြစ်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း၊ ဖြစ်ထွန်းအောင်မြင်သော ဒေသ တို့မှ နည်းစနစ်များ လေ့လာစေလိုကြောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း ကူညီပေးသွားရန်လိုကြောင်း။

 


ကျန်းမာရေး၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်  ကျန်းမာရေးနှင့်   ပညာရေးကို   အဓိကဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှသာ    လူမှုရေး၊   စီးပွားရေး   အစစ  အဆင်ပြေမည်ဖြစ်၍ ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင်စားသောက်ရန်လိုကြောင်း၊ အသက် ၅ နှစ် နှင့် ၁၂ နှစ်အကြား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုတွင်   အမ်းမြို့နယ်အနေဖြင့်   ၆၄ ဒသမ ၅ ရာခိုင်နှုန်းသာပြီးစီးထား၍ ရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက်ကြိုးပမ်း     လုပ်ဆောင်ရန်လိုကြောင်း၊ ကိုဗစ်- ၁၉ ရောဂါသည် စီးပွားရေးကို ထိခိုက်မှုအပြင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်သဖြင့် နိုင်ငံတော် အနေဖြင့်   တစ်မျိုးသားလုံး   အကြားအလပ်မရှိ ကာကွယ်ဆေးထိုးနှံပြီးစီးရန်    ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊   အားလုံးပူးပေါင်းပါဝင်ရန်    ပြောလိုကြောင်း။

 


ယခုထက်ပိုမို ကြိုးစားသွားရန်လို


ပညာရေးကဏ္ဍတွင်    အမ်းမြို့နယ်၌   ဆရာ ဆရာမ ရာနှုန်းပြည့်နီးပါး လုပ်ငန်းတာဝန်ထမ်းဆောင် နေသည်ကို  တွေ့ရကြောင်း၊ ဆရာ  ဆရာမများ၏ ကျောင်းသား  ကျောင်းသူများအပေါ် ပညာသင်ကြား ရန် စည်းရုံးနိုင်မှုကြောင့် ကျောင်းသား ကျောင်းသူ များ ပုံမှန်ကျောင်းတက်သင်ယူနေမှုအပေါ် အားရ ကျေနပ်စရာတွေ့ရကြောင်း၊    တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ယခုထက်ပိုမို ကြိုးစားသွား ရန်လိုကြောင်း၊   ကျောင်းနေအရွယ်   ကလေးတိုင်း အနည်းဆုံး  KG+ 9  ပြီးမြောက်စေရန်    ရည်မှန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 


စက်သုံးဆီ၊ စားသုံးဆီနှင့် ပတ်သက်၍ စက်သုံး ဆီဈေးနှုန်းမှာ ဖြစ်ပေါ်နေသော ကမ္ဘာ့အရေးအရာများ ကြောင့် ဈေးနှုန်းတည်ငြိမ်မှုမရှိသည်ကို ကမ္ဘာနှင့် အဝန်း ခံစားနေရကြောင်း၊ အလားတူ စားသုံးဆီမှာ လည်း ဈေးမြင့်တက်မှုဖြစ်ပေါ်နေသဖြင့် မလိုအပ်ဘဲ မကုန်သင့်သည်များကို စိစစ်ချွေတာသုံးစွဲကြရန်လိုကြောင်း၊   နိုင်ငံတော်အနေဖြင့်လည်း   စားသုံးဆီ ဖူလုံရေးအတွက် နိုင်ငံအလယ်ပိုင်းတွင် နေကြာအပါ အဝင် ဖြစ်ထွန်းမည့် ဒေသအလိုက် ဆီထွက်သီးနှံများ သီးထပ်အဖြစ် စိုက်ပျိုးရေး၊ တနင်္သာရီ တိုင်းဒေသကြီး တွင် ဆီအုန်းမှတစ်ဆင့် စားအုန်းဆီတို့ကို တိုးမြှင့် ထုတ်လုပ်နိုင်ရေး     တွန်းအားပေးဆောင်ရွက်နေ ကြောင်း၊  ဒေသတစ်ခု၊  မြို့နယ်တစ်ခု  စီးပွားရေး ကောင်းမွန်ဖွံ့ဖြိုးတိုးတက်ရန် ဦးစီးဦးဆောင်သူများ သည် အရေးကြီးကြောင်း၊ လုပ်ငန်းအကောင်အထည် ဖော်မှုများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ ဟန်ချက်ညီ ပူးပေါင်းပါဝင် လုပ်ဆောင် နိုင်အောင် စည်းရုံးဆွဲဆောင်နိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မှသာ    ဦးစီးဦးဆောင်သူများသည် ဒေသ၏    ယုံကြည်ကိုးစားမှုကို     ရရှိလာမည်ဖြစ် ကြောင်း၊   ဌာနဆိုင်ရာ  ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားပြည်သူတို့၏  လိုအပ်ချက်အခက်အခဲ များကို မှန်ကန်မြန်ဆန်စွာဖြင့် ဝန်ဆောင်မှုပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့်   ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။                          

   
သတင်းစဉ်