ဥရုချောင်းအထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်

 

ဖားကန့်   ဇွန်   ၁၂


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၌ ဥရုချောင်းအထက်ပိုင်း  မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းက မြို့ပေါ်မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့     ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရ သည်။

 


မြေနိမ့်ပိုင်း    ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတောရပ်ကွက် မြေနိမ့်ပိုင်း၌  ရေ သုံးပေခွဲခန့်၊ မြို့မရပ်ကွက်        ကျောက်ဝိုင်း လမ်းဆုံ၌  ရေ လေးပေခန့်နှင့် မရှီကထောင်ရပ်ကွက်   လမ်းဆုံ နေရာ၌   ရေသုံးပေခွဲခန့်  စတင် ဝင်ရောက်လျက်ရှိသည့်အတွက် ဥရုချောင်းတစ်လျှောက်  နေထိုင် ကြသော        ပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ  တပ်ဖွဲ့ဝင်များက လိုက်လံအသိပေးနှိုးဆော်  ဆောင် ရွက်လျက်ရှိပြီး        မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးငြိမ်း မောင်မောင်နှင့် အဖွဲ့ဝင်များက  လိုက်လံကြည့်ရှု     စစ်ဆေးကာ လိုအပ်သည်များအား     ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 


ထို့အပြင်    ကံဆီးကျေးရွာ အထက်ဘက်တွင် ဥရုချောင်း၏ စိုးရိမ်ရေအမှတ်မှာ  ၁၂ ပေဖြစ်ပြီး ယခုလက်ရှိရေမှတ်သည် ခုနစ်ပေ ခွဲခန့်အထိ မြင့်တက်လျက်ရှိသည့် အတွက်      ရေများဆက်လက် မြင့်တက်လာပါက ပြောင်းရွှေ့နိုင် ရေး ယာယီကယ်ဆယ်ရေးစခန်း များ      ဖွင့်လှစ်ထားရှိကြောင်း   သိရသည်။ 

 


ယခုလက်ရှိတွင်   ရေများ ဝင်ရောက်လျက်ရှိသည့်   နေအိမ် များမှ မိသားစုများသည် ဘေးလွတ် ရာနေရာများသို့     ပြောင်းရွှေ့ နေထိုင်ခြင်းမရှိသေးဘဲ ၎င်းတို့၏ နေအိမ်အပေါ်ထပ်တွင်သာ နေထိုင် လျက်ရှိကြောင်း သိရသည်။

မိုးသန္တာဦး (ပြန်/ဆက်)