ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံ ၉၈၈၁ ဧက စိုက်ပျိုးခဲ့ ဈေးကွက်မြင့်လာသောကြောင့် ပဲတီစိမ်းသီးနှံစိုက်တောင်သူများ အဆင်ပြေ

 

ကျောက်ဆည်   ဇွန်   ၁၂


မန္တလေးတိုင်းဒေသကြီး     ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံပေါ်ချိန်တွင် ဈေးကွက်မြင့်လာသော ကြောင့် ပဲတီစိမ်းသီးနှံစိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

 


ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲတီစိမ်းစိုက်ပျိုး ရာတွင်      ဒေသနှင့်ကိုက်ညီသည့်    ရေဆင်း(၁၁) ပဲတီစိမ်းမျိုးနှင့်    ရေဆင်း(၁၄)     ပဲတီစိမ်းမျိုးများ အဓိကစိုက်ပျိုးကြောင်း၊ ရာသီဥတုနှင့် အပင်ပြုစုမှု အပေါ်မူတည်ပြီး တစ်ဧက ၂၅ တင်းမှ ၃၅ တင်းအထိ ထွက်ရှိကြောင်းနှင့် ရောင်းချရာတွင် တစ်တင်းလျှင် ငွေကျပ် ၅၄၅၀၀ ဖြင့် ရောင်းချရကြောင်း ညောင်ရွှေ ကျေးရွာမှ ဦးဝင်းညွန့်က ပြောသည်။ 

 


 ပဲတီစိမ်းသီးနှံများကို  ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင်  ၁၇၄ ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်း   ကျေးရွာအုပ်စုများတွင်   ဧက ၁၆၀၀၊ လက်ပန်ပင်၊    မယ်ဇယ်ပင်၊   တံစိုး၊   သူငယ်တော၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် ၁၅၈၃ ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ သင်ပုတ်၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်ကုန်း ကျေးရွာအုပ်စု များတွင် ၅၂၁ ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊    သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်ကျေးရွာအုပ်စုများတွင်    ၄၅၆   ဧက၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဓား၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် ၁၈၈၈ ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော် သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာ အုပ်စုများတွင် ၁၃၀၆ ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုပင်၊ အင်ရောင်း၊ ကလှိုင်ကျော် ကျေးရွာအုပ်စုများတွင်  ၉၉၅ ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ် ကုန်း၊ တော်တွင်၊ မြေစိုပါယ် ကျေးရွာများတွင် ၁၂၃၈ ဧက၊  ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်း ကျေးရွာအုပ်စုများ တွင် ဧက ၁၂၀  စုစုပေါင်း ၉၈၈၁ ဧက စိုက်ပျိုးခဲ့ ကြောင်း       မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 


သက်မောင်(ကျောက်ဆည်)