ယူရီးယားမြေသြဇာများအား စျေးကွက်တွင် ပြတ်လပ်မှုမရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိ

 

ကျောင်းကုန်း   ဇွန်   ၁၂


ဧရာဝတီတိုင်းဒေသကြီး ကျောင်း ကုန်းမြို့နယ်အတွင်းရှိ   ကျေးရွာ များမှ တောင်သူများသို့ ယူရီးယား မြေသြဇာ         ရောင်းချနေမှု အခြေအနေများကို  ဇွန် ၁၁  ရက် က   သမဝါယမနှင့်    ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်  ဦးခန့်ဇော်၊ တိုင်းဒေသ ကြီး   ကျေးလက်ဒေသ   ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန   ဦးစီးမှူး ဦးနေထက်ရှိန်နှင့်     တာဝန်ရှိသူ များက         ကွင်းဆင်းကြည့်ရှုသည်။

 


ရှေးဦးစွာ     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က    ယူရီး ယားမြေသြဇာ    ဝယ်ယူနေသည့်  တောင်သူများနှင့်     တွေ့ဆုံကာ တောင်သူများ၏   အခက်အခဲများ မေးမြန်းပြီး   တောင်သူများ ဝယ် ယူသုံးစွဲနိုင်သည့်      စျေးနှုန်းများ ကို     သတ်မှတ်ရောင်းချပေးမည် ဖြစ်ကြောင်း၊   မြေသြဇာများကို တောင်သူများ အဆင်ပြေမြန်ဆန် စွာ ရရှိနိုင်ရေး ဆက်လက်ဆောင် ရွက်     ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်      သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ယူရီးယား မြေသြဇာအရောင်းဆိုင်   ဆိုင်ရှင် များအား         စျေးနှုန်းများနှင့် စျေးကွက်အခြေအနေ အခက်အခဲ များကို      မေးမြန်းခဲ့ပြီးနောက် ယူရီးယား    မြေသြဇာများအား စျေးကွက်တွင်  ပြတ်လပ်မှုမရှိစေ ရန်အတွက် စီစဉ်ဆောင်ရွက်ထား ရှိကြောင်း    ရှင်းလင်းပြောကြားခဲ့သည်။

 


မြို့နယ်    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်      မိုးစပါးစိုက် တောင်သူများအတွက် စျေးနှုန်း         သက်သာပြီး         အရည်အသွေး    ကောင်းမွန်သော      ယူရီးယား ဓာတ်မြေသြဇာများကို ဇွန် ၁၀ ရက်မှ   စတင်ကာ ဓာတ် မြေသြဇာ     အရောင်းဆိုင်ကြီး များနှင့်                ချိတ်ဆက်၍       ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး    ဝယ်ယူသုံးစွဲမည့်     တောင်သူ လယ်သမားများ        အနေဖြင့်    ကျေးရွာလယ်ယာမြေ       စီမံ ခန့်ခွဲရေး         ကော်မတီများထံ တွင်       သတ်မှတ်ပုံစံများဖြင့်  ဖြည့်သွင်းပြီး          အရောင်းဆိုင် များတွင်         ထောက်ခံစာများ၊    ဝယ်ယူခွင့်     လက်မှတ်များဖြင့် ဝယ်ယူ   ရရှိနိုင်မည်ဖြစ်ကြောင်း            မြို့နယ်       ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး         ဦးစီးဌာနမှ သိရသည်။    

                
တေဇာလင်း