မိုင်းခုတ်မြို့၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

 

မိုင်းခုတ်   ဇွန်   ၁၂


ဇွန် ၂၆ ရက်တွင်  ကျရောက်မည့်  အပြည်ပြည် ဆိုင်ရာ   မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်    တရား မဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့    အကြို ဟောပြောပွဲ၊    နံရံကပ်စာစောင်နှင့်  စာအုပ် ပြပွဲကို မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဇွန် ၁၁ ရက်က  ကျင်းပသည်။ 

 


အခမ်းအနားတွင် မြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန        ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့     အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏     ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  မူးယစ်ဆေးဝါး အမျိုး အစားများ၊    မူးယစ်ဆေးဝါး၏     ဆိုးကျိုး အန္တရာယ်များ၊           မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာ ကို ဖြေရှင်းနည်းများ စသည်တို့ကို  ဆွေးနွေး ဟောပြော၍    အပြည်ပြည်ဆိုင်ရာ    မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် မှု တိုက်ဖျက်ရေးနေ့အကြောင်း  အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင် များကို    ကျောင်းသား  ကျောင်းသူများအား ခင်းကျင်းပြသခဲ့သည်။      

 

မြို့နယ်(ပြန်/ဆက်)