ပုသိမ် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားနှင့် အသိပညာပေးစကားဝိုင်းကို ဇွန် ၁၂ ရက်က ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုနှစ် ကမ္ဘာ့ကလေးအလုပ် သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် “ကလေးအလုပ်သမား ပပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုးပေး” ဖြစ်ကြောင်း၊ ကလေး အလုပ်သမားပပျောက်ရေးအတွက် လူမှုအကာ အကွယ်ပံ့ပိုးမှုများကို သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက ဝိုင်းဝန်း ဆောင်ရွက်ပေးမှသာ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အောင်မြင် မည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ နှစ်စဉ် လုပ်သားစစ်တမ်း ဒုတိယအကြိမ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ၌ ကလေး အလုပ်သမား ၀ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ကိစ္စရပ်သည် နိုင်ငံတိုင်း အလေးထားဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ် ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ကလေးအလုပ်သမားပပျောက်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီ ရှစ်ရပ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ အတွင်းက ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဖွဲ့စည်း ပေးထားသော လုပ်ငန်းကော်မတီ ရှစ်ရပ်သည် တိုင်း အတွင်း ကလေးအလုပ်သမားများ လျော့နည်း ပပျောက်ရေးအတွက် ဦးတည်ချက်ထား ဆောင်ရွက် စေလိုကြောင်းနှင့် ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်းတက်ရောက်စေရေး အဘက်ဘက် က ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗီဒီယိုကို ဖွင့်လှစ် ပြသပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဥပဒေ အသိပညာပေးစကားဝိုင်းကို ပြုလုပ်ရာ တိုင်းဒေသကြီးဥပဒေချုပ်က အမှာစကားပြောကြား ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့မှ ကိုယ်စားလှယ်တစ်ဦးစီက “ကလေး အလုပ်သမားပပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုး ပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြကာ စကားဝိုင်းသို့ တက်ရောက်သော အလုပ်ရှင်၊ အလုပ်သမား၊ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက သိလို သည်များကိုမေးမြန်း၍ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)



