နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အခမ်းအနားကျင်းပ

 

ပျဉ်းမနား   ဇွန်  ၁၂


နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌ ဖလား  မြို့နယ်ပေါင်းစုံ   အသက် (၂၅)  နှစ်အောက်  အမျိုးသား ပိုက်ကျော်ခြင်း        ပြိုင်ပွဲကို ပျဉ်းမနားမြို့   ပေါင်းလောင်း အားကစားခန်းမ၌ ဇွန်၈ ရက်မှ စတင်ယှဉ်ပြိုင်    ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိ   မြို့နယ် များမှ       ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းတွင်       ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ   အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 


ရှေးဦးစွာ  သုံးဦးတွဲ  ပြိုင်ပွဲ ဗိုလ်လုပွဲကို   ပျဉ်းမနားမြို့နယ် အသင်းနှင့်    ဇမ္ဗူသီရိမြို့နယ် အသင်းတို့  ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ်     အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

 


ထို့နောက်  ဆုချီးမြှင့်ပွဲအခမ်း အနားကို ကျင်းပရာ  နှစ်ဦးတွဲ အသင်းလိုက်     တတိယဆုရရှိ သည့် ဇမ္ဗူသီရိမြို့နယ်အသင်းကိုဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးက   လည်း ကောင်း၊ နှစ်ဦးတွဲအသင်းလိုက် ဒုတိယဆုရရှိသည့်    တပ်ကုန်း မြို့နယ်အသင်းကို  နေပြည်တော် ကောင်စီအဖွဲ့ဝင်   ဦးကျော်သိန်း ဆိုင်ကလည်းကောင်း၊   နှစ်ဦးတွဲ ပထမဆုရရှိသည့်   ပျဉ်းမနား မြို့နယ်အသင်းကို နေပြည်တော် ကောင်စီအဖွဲ့ဝင်  ဦးဇေယျာလင်း မှလည်းကောင်း   ဆုတံဆိပ်နှင့်  ငွေသားဆုများကို   အသီးသီးပေး အပ်ချီးမြှင့်ကြသည်။

 


ဆက်လက်၍ သုံးဦးတွဲ ပြိုင်ပွဲ များအတွက်     ဆုချီးမြှင့်ပွဲကို ကျင်းပရာ   တတိယဆုရရှိသည့် တပ်ကုန်းအသင်းကို  အားကစား နှင့်         ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်    ဦးထွန်း မြင့်ဦးကလည်းကောင်း၊  ဒုတိယ ဆုရရှိသည့်     ဇမ္ဗူသီရိမြို့နယ် အသင်းကို               နေပြည်တော် ကောင်စီအဖွဲ့ဝင်  ရဲမှူးကြီး ကိုကို လွင်ကလည်းကောင်း၊  ပထမဆု ရရှိသည့်  ပျဉ်းမနားမြို့နယ်အသင်း ကို        နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးကလည်းကောင်း     ဆု တံဆိပ်နှင့်    ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

 


ဆက်လက်ပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ  ဒေါက်တာမောင် မောင်နိုင်က   ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်    အသင်းကို တံခွန်စိုက်ဆုဖလားနှင့် နေပြည် တော်ကောင်စီမှ   ချီးမြှင့်ငွေကျပ် သုံးသိန်းကို     ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။ 

 

ဇော်မင်းလွင်(ပြန်/ဆက်)