အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများ အား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ် မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံ ချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများ ကို (၃-၅-၂၀၂၁) မှ (၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ လိုအပ်ချက်အရ ပြည်သူများ အနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်း ကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ ဆောင်ရွက်ရသည့် လုပ်ငန်းများ တွင်လည်း ကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသား ကတ် (မှတ်ပုံတင်)ကို (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။
နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှု ကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများကို ပြသ၍ ခရီးသွားလာခြင်း၊ အစစဆေးခံခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ပါ။
နိုင်ငံသားကတ် (မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင် ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှု မြောက်ပါကြောင်း အသိပေးအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန



