ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ နှစ်(၃၀) ပြည့် ပုလဲရတုအခမ်းအနားသို့တက်ရောက်

 

နေပြည်တော်   ဇွန်    ၁၂


မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ နှစ်(၃၀)ပြည့် ပုလဲရတုအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့   ကမာရွတ်မြို့နယ်ရှိ LOTTE Hotel ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မြန်မာနိုင်ငံသားများဘဏ်ကို ၁၉၉၂    ခုနှစ်မှ   စတင်ဖွင့်လှစ်ခဲ့ရာ    ယခုအခါ နှစ်   (၃၀) ပြည့် ပုလဲရတုသို့   ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်း(YSX)၌ စာရင်းဝင် အများပိုင် ကုမ္ပဏီတစ်ခုဖြစ်သည်နှင့်အညီ   အစုရှယ်ယာရှင် များ၏ ကောင်းကျိုးကိုရှေးရှု၍ အစဉ်တစိုက် ကြိုးစား ဆောင်ရွက်သွားရန်နှင့်    ပွင့်လင်းမြင်သာမှုရှိပြီး နည်းစနစ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကိုလည်း တိကျစွာလိုက်နာဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

 


ဘဏ်လုပ်ငန်းများသည် တိုင်းပြည်စီးပွားရေး၏ အဓိကကျသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည့် အပြင် စျေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖော်ဆောင် နိုင်ရန်အတွက် အခြေခံကျသည့် အခန်းကဏ္ဍမှလည်း ပါဝင်နေကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်များကို စနစ်တကျ  နည်းလမ်းမှန်ကန်စွာနှင့်   ဆောင်ရွက် ပေးပြီး မြန်ဆန်ကောင်းမွန်သော  ဝန်ဆောင်မှုများ ပေးနိုင်ရန်  ပိုမိုကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက် Digital အသွင်ကူးပြောင်း ရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင် သွားရန် လိုအပ်မည်ဖြစ်ပြီး Customer များ အသုံးပြု ရာတွင်      လွယ်ကူစေရေးနည်းလမ်းများ    ရှာဖွေ ဆောင်ရွက်သွားရန်လိုကြောင်း  ပြောကြားသည်။

 


ထို့နောက်   မြန်မာနိုင်ငံသားများဘဏ်  ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ CEO Mr. Gavinda Gurung နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။ 


သတင်းစဉ်