ရမ်းဗြဲ ဇွန် ၁၂
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ မိုးရာသီ ဒီရေတောသစ်ပင်စိုက် ပွဲကို ယနေ့နံနက်ပိုင်းက ရမ်းဗြဲ မြို့နယ် ဝန်ဗိုက်ဒီရေတော ဝန်ဗိုက် သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁)နှင့် အကွက်အမှတ်(၄၃)တို့ တွင် ကျင်းပသည်။
ဒီရေတောပင်နှင့် အရိပ်ရပင် များ စိုက်ပျိုးခြင်း စီမံချက်အရ မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုး ပွဲတွင် သစ်တောဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမင်းထက်အောင်နှင့် ဝန်ထမ်းများ၊ လှိုင်ခေါင်ကျေးရွာ နှင့် ရမ်းသစ်ကြီးအဝကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများက ဝန်ဗိုက်ကြိုးဝိုင်း အကွက်အမှတ် (၁)တွင် ဗြူးခြေထောက်အဖိုပင် ၅၀၀၊ ဗြူးခြေထောက်အမပင် ၅၀၀ နှင့် ဝန်ဗိုက်ကြိုးဝိုင်းအကွက် အမှတ်(၄၃)တွင် မြိုင်ကြီးပင် ၂၀၀ စုစုပေါင်း အပင် ၁၂၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သိန်းထွန်းအောင်



