မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မုန့်အမျိုးမျိုးပြုလုပ်သည့် သင်တန်းဖွင့်

 

မင်းလှ  ဇွန်  ၁၁


မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မုန့်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းကို  မလွန်ကျေးရွာ၌ ဇွန် ၁၀ ရက်က ဖွင့်လှစ်သည်။ 

 


သင်တန်းတွင်   တိုင်းဒေသကြီး   အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှူး   ဦးစိုးနိုင်ထူးနှင့်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးသန်းထွန်းအောင်တို့က အမှာစကားပြောကြားပြီး  မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဝေလင်းမောင်က အသက် မွေးဝမ်းကျောင်း  အထောက်အကူပြုသင်တန်းများ   ဖွင့်လှစ်သင်ကြား ပို့ချပေးရခြင်းရည်ရွယ်ချက်များနှင့် သင်တန်းတွင် ကျွမ်းကျင်ပညာရှင် များက  စာတွေ့လက်တွေ့   နှစ်မျိုးဖြင့်   သင်ကြားပို့ချပေးမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

 


သင်တန်းသို့ မင်းလှမြို့နယ်အတွင်းရှိ  ကျေးရွာငါးရွာမှ သင်တန်း သား ၂၀ တက်ရောက်ပြီး သင်တန်းကာလမှာ ခုနစ်ရက်ဖြစ်ကြောင်း သိရသည်။ 


 စိုးမိုးကျော်