မင်းဘူးမြို့နယ်၌ စက်သုံးဆီဈေးနှုန်း သင့်တင့်မှန်ကန်စွာ ရောင်းချရေး စစ်ဆေး

 

မင်းဘူး  ဇွန်  ၁၁


မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)  မြို့နယ်အတွင်းရှိ  စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းသင့်တင့် မှန်ကန်စွာရောင်းချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့်  အဖွဲ့ဝင်များက  ဇွန်  ၉  ရက်တွင် မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးသည်။

 


 မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၁၆ ဆိုင်ကို လိုက်လံစစ်ဆေးခဲ့ပြီး လက်ဝယ်ထားရှိသည့် ဆီပမာဏ၊ မည်မျှသိုလှောင်ထားရှိမှု၊ ပြန်လည်ရောင်းချခြင်း ရှိ/မရှိနှင့် ဈေးနှုန်း သင့်တင့် မှန်ကန်စွာရောင်းချနိုင်ရေးတို့ကို  စစ်ဆေးခဲ့ပြီး  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့မြို့နယ်အတွင်းမှ ဒေသခံပြည်သူ များ အဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် ဆီဆိုင်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချရေးနှင့်  ဆီဆိုင်များမှာ   ဝယ်ယူရောင်းချသည့် ကုမ္ပဏီများကွဲပြား၍ ဈေးနှုန်းအမျိုးမျိုးရှိနိုင်သော်လည်း သင့်တင့် မှန်ကန်သော ဈေးနှုန်းများဖြင့် ရောင်းချပေးရေး၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် အမှိုက်သရိုက်များရှင်းလင်းထားရှိပြီး မီးသတ် ဆေးဘူးများ စနစ်တကျထားရှိရေးတို့ကို ဆွေးနွေးပြောကြားသည်။

 


မင်းဘူး(စကု)မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များ၏ လက်ရှိပျမ်းမျှပေါက်ဈေးများမှာ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂၂၇၀၊ အောက်တိန်း ၉၅ တစ်လီတာ ၂၃၅၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ကျပ် ၂၆၀၀၊ ရိုးရိုးဒီဇယ် ကျပ်  ၂၅၈၀ ဖြစ်ကြောင်း မြို့နယ်အတွင်း ရောင်းချနေသော ဆီဆိုင်များမှ သိရသည်။


ဇေယျာထက် (မင်းဘူး)