မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံတော်ဝင်ရဲအဖွဲ့တို့အကြား နိုင်ငံဖြတ်ကျော်မှုခင်းတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပထမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

 

နေပြည်တော်  ဇွန်  ၁၁


မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့အကြား  နိုင်ငံ ဖြတ်ကျော်မှုခင်းများ   တားဆီး နှိမ်နင်းရေး  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ   နှစ်နိုင်ငံ  ရဲချုပ်အဆင့် ပထမအကြိမ်လုပ်ငန်း  ကော်မတီ အစည်းအဝေးကို  ဇွန်  ၇  ရက်က ဘန်ကောက်မြို့၌   ကျင်းပရာ  ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင် သည့်          ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

 


 လက်ဆောင်များပေးအပ်


ဇွန်  ၆  ရက်  နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး    မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ ရဲချုပ်  ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည်    ဘန်ကောက် မြို့တော် ရဲကွပ်ကဲမှု ဗဟိုဌာနသို့ ရောက်ရှိပြီး ဌာနတာဝန်ခံ အကြီး အကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး စမ်ရမ် နွမ်မာနှင့်အဖွဲ့က       ဘန်ကောက် မြို့တော်လုံခြုံရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှုများ    ထိန်းသိမ်းရေး ကြီးကြပ်  ဆောင်ရွက်နေမှုများကို ရှင်းလင်းရာ ဒုတိယဝန်ကြီး ရဲချုပ် က  သိရှိလိုသည်များကို  မေးမြန်း ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်သည်။  

 


မွန်းလွဲပိုင်းတွင်     ဒုတိယ ဝန်ကြီး  ရဲချုပ်  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်   ထိုင်း တော်ဝင်ရဲအဖွဲ့   ရဲတက္ကသိုလ်သို့ ရောက်ရှိလေ့လာကြပြီး ကျောင်း အုပ်ကြီး  ဒုတိယရဲဗိုလ်ချုပ်ကြီး သက်ချိုင်း      ပီသနာလာဘုက ထိုင်းတော်ဝင်ရဲအဖွဲ့    ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည်။ 

 


ညနေပိုင်းတွင် မြန်မာ- ထိုင်း နှစ်နိုင်ငံ   ရဲချုပ်အဆင့်  ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးနှင့်  စပ်လျဉ်းသည့်     အဆင့်မြင့်   ရဲအရာရှိကြီးအဆင့်    ကြိုတင်ညှိနှိုင်း     အစည်းအဝေးကို  Anantara  Siam  Hotel   ခန်းမ၌ ကျင်းပရာ ရဲမှူးချုပ်အောင်ဌေးမြင့် ဦးဆောင်သော  ရဲအရာရှိကြီးများ နှင့်     ထိုင်းတော်ဝင်    ရဲအဖွဲ့မှ လက်ထောက်ရဲချုပ်        ဒုတိယ ရဲဗိုလ်ချုပ်ကြီး  စရာဝပ်ကန်ဖာနစ် ဦးဆောင်သော  ရဲအရာရှိကြီးများ တက်ရောက်ကြပြီး  နယ်စပ်ဖြတ် ကျော်မှုခင်းများနှင့်   နိုင်ငံဖြတ် ကျော်မှုခင်းများ    တားဆီးနှိမ်နင်း ရေး၊    သတင်းအချက်အလက် ဖလှယ်မှုများ     ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊       ရဲတပ်ဖွဲ့ စွမ်းရည်   မြင့်မားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံရဲတပ်ဖွဲ့ အချင်းချင်း  ပူးပေါင်းဆောင်ရွက်မှု  နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း ၍ ဆွေးနွေးကြသည်။ 

 


ပူးပေါင်းမည့်အခြေအနေဆွေးနွေး


ညပိုင်းတွင်  ဒုတိယဝန်ကြီး ရဲချုပ်အား  ထိုင်းနိုင်ငံ  အထက် လွှတ်တော်ကိုယ်စားလှယ် ရဲဗိုလ် ချုပ်ကြီး (ငြိမ်း) Tritot Ronnarit-ivichai ၊  ရဲဗိုလ်ချုပ်ကြီး  (ငြိမ်း) Thammasak  Vicharaya  နှင့်   ထိုင်းတော်ဝင်ရဲအဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး      ဒန်ယုံဆက် ကစ်သီပရာဖတ်နှင့်  အဖွဲ့တို့က လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်  ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။ 

 


ဇွန် ၇ ရက်တွင်  မြန်မာ-ထိုင်း နှစ်နိုင်ငံ  နိုင်ငံဖြတ်ကျော်မှုခင်းတားဆီးနှိမ်နင်းရေး   ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ     ပထမ အကြိမ် လုပ်ငန်းကော်မတီအစည်း အဝေးကို      ဘန်ကောက်မြို့ရှိ  ထိုင်းတော်ဝင်ရဲအဖွဲ့ ဌာနချုပ်ရုံး ရဲချုပ် အစည်းအဝေးခန်း၌ ကျင်းပ ရာ ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်     ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်   အဖွဲ့ဝင် များ၊ ထိုင်းတော်ဝင်ရဲအဖွဲ့ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး  စုဝပ်ကျန်းရော့စု နှင့် ဒုတိယရဲချုပ် ဦးဆောင်သည့် အဖွဲ့ဝင်များ       တက်ရောက်ကြ သည်။ 

 


အစည်းအဝေးတွင်   ဒုတိယ ဝန်ကြီး ရဲချုပ်က နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေးနှင့်   တရားဥပဒေ စိုးမိုးရေးဆိုင်ရာများ၊   အကြမ်း ဖက်မှုတိုက်ဖျက်ရေး၊   မူးယစ် ဆေးဝါးမှုခင်းများ   ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊    နယ်စပ်ဖြတ် ကျော် မှောင်ခိုမှုများ တိုက်ဖျက် ရေးတွင်   နယ်စပ်ဆက်ဆံရေးရုံး များ     ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊    မြန်မာ  -  ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တွင် ခိုအောင်း နေသော   လက်နက်ကိုင်အဖွဲ့ များနှင့်    အကြမ်းဖက်သမားများ သည် နှစ်နိုင်ငံ၏အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည် ဖြစ်၍      ရဲတပ်ဖွဲ့အချင်းချင်း ထိရောက်သည့်             ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ကိစ္စရပ်များကို  ဆွေးနွေးသည်။ 

 


ထို့နောက်  ဒုတိယဝန်ကြီး ရဲချုပ်နှင့်   ထိုင်းတော်ဝင်   ရဲအဖွဲ့ ရဲချုပ်    ရဲဗိုလ်ချုပ်ကြီး    စုဝပ် ကျန်းရော့စုတို့သည် ပထမအကြိမ် လုပ်ငန်းကော်မတီ  အစည်းအဝေး မှတ်တမ်းကို လက်မှတ်ရေးထိုးပြီး အမှတ်တရလက်ဆောင်ပစ္စည်း များ အပြန်အလှန်လဲလှယ်ကြသည်။

 


 စာချွန်လွှာလက်မှတ်ရေးထိုး


အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံဖြတ်ကျော်   မှုခင်းတားဆီး နှိမ်နင်းရေး  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ   ပထမအကြိမ်လုပ်ငန်း ကော်မတီ   အစည်းအဝေးတွင်  နှစ်နိုင်ငံ          ရဲတပ်ဖွဲ့အချင်းချင်း အဓိက ပူးပေါင်းဆောင်ရွက်ရမည့် အကြမ်းဖက်မှု အန္တရာယ်များ အတွက်    သက်ရောက်မှုများ၊ အထူးသဖြင့် လက်နက်မှောင်ခိုမှု နှင့်   လက်နက်ကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များ၊   နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး၊ နယ်စပ် ဒေသရှိ  ပြည်သူများ၏  အသက် အိုးအိမ်        စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့်  ရဲတပ်ဖွဲ့ဆိုင်ရာ  သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့်  နှစ် နိုင်ငံ ရဲတပ်ဖွဲ့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေး တို့နှင့်   စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ခဲ့ပြီး       ဆက်လက်ပူးပေါင်း   ဆောင်ရွက်ကြမည့် သဘောတူညီ ချက် (၆) ချက်ကို   လက်မှတ် ရေးထိုးခဲ့ကြသည်။    

 

သတင်းစဉ်