ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား ကျောင်းသူများ အထွေထွေကျန်းမာရေး၊ မိုင် ၂၀ လမ်းလျှောက် စစ်ဆေးမှုများပြုလုပ်

 

ရန်ကုန်   ဇွန်   ၁၁ 


ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန၏    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်    ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား    ကျောင်းသူများ အထွေထွေကျန်းမာရေး၊ အရောင် ခွဲခြားနိုင်မှု         စစ်ဆေးခြင်းနှင့် သုံးဘက်မြင် စစ်ဆေးခြင်းတို့ကို ဇွန် ၁၀ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဘူမိဗေဒဌာနတွင် ဆရာ ဆရာမများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ     ဆရာဝန်အဖွဲ့ ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ကြသည်။

 


ထို့နောက်  ယနေ့တွင်    ဒဂုံ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ရှေ့မှစ၍   မိုင် ၂၀ လမ်းလျှောက် စစ်ဆေးမှုများကို နံနက် ၇ နာရီတွင် စတင်ပြုလုပ်သည်။

 


အဆိုပါ  စစ်ဆေးမှုများတွင် ကျောင်းသား ကျောင်းသူ ၈၂ ဦး စစ်ဆေးမှုခံယူကြသည်။   လမ်း လျှောက်စစ်ဆေးရာတွင် လိုအပ် သည်များကို        ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊   သင်တန်းရေးရာ ဌာနမှူး၊    ဘူမိဗေဒဌာနမှူးနှင့် ဆရာ ဆရာမများက လိုအပ်သည် များကို       စီမံဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။


သတင်းစဉ်