ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာနယ်ပယ်သုံးခုမှ အနုပညာရှင်၊ အတတ်ပညာရှင်များပူးပေါင်းပြီး ပဒေသာကပွဲကြီးကျင်းပရေး လုပ်ငန်းညှိနှိုင်းစည်းဝေး 

 

 

နေပြည်တော်   ဇွန်   ၁၀


ရုပ်ရှင်၊ ဂီတ၊သဘင် ပဒေသာကပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ က  နေပြည်တော်ရှိ  ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့ ပြန်ကြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး   ဦးရဲတင့်၊   ဌာန ဆိုင်ရာအကြီးအကဲများ၊ ဒါရိုက်တာ စင်ရော်မောင်မောင်နှင့်    တာဝန် ရှိသူများ    တက်ရောက်ကြပြီး မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံး  နာယက  ဦးအောင်လွင်၊   မြန်မာ နိုင်ငံ   ဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ  ဦးလွင်မြင့်၊  မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး  အတွင်းရေးမှူး     ဦးနေဝင်းနှင့် ရုပ်ရှင်၊ ဂီတ၊   သဘင်တို့မှ   အနု ပညာရှင်များက  အွန်လိုင်းမှ ပါဝင် တက်ရောက်ကြသည်။

 


ပဒေသာကပွဲကြီးကျင်းပ


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်၊ ဂီတ၊ သဘင်  အနုပညာ နယ်ပယ်သုံးခုမှ   အနုပညာရှင်၊ အတတ်ပညာရှင်များ ပူးပေါင်းပြီး ပဒေသာကပွဲကြီးတစ်ခု ကျင်းပ ရန်အတွက်    ယခုလို    လုပ်ငန်း ကြိုတင်ညှိနှိုင်း   အစည်းအဝေး ပြုလုပ်ရခြင်း      ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉       ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့်    အခြား သော အကြောင်းအရာများကြောင့် ခေတ္တရပ်နားထားခဲ့ရသည့် ဖျော်ဖြေ တင်ဆက်ရေး   လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်နိုင်ရန် နှင့် အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များအားလုံး     မိမိ တို့၏       အနုပညာလုပ်ငန်းများ ပြန်လည်စတင်  လုပ်ကိုင်ဆောင် ရွက်နိုင်ရန်အတွက်  ရည်ရွယ်ပြီး အနုပညာမောင်နှမများ၏ စွမ်းအား နှင့် စုပေါင်းပါဝင်သည့် ပဒေသာ ကပွဲကြီး ကျင်းပပြုလုပ်ရန် ရည်မှန်း ထားပါကြောင်း။

 


စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့်  အနုပညာအဖွဲ့အစည်းများ သည် ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက် ပြောင်းလဲခဲ့ချိန်များ တွင်လည်း အစိုးရ၏ မူဝါဒအပေါ် မူတည်ပြီး      နိုင်ငံတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း။  အနုပညာရှင် ဆိုသည်မှာ  ပြည်သူများအားလုံး၏ စိတ်ခံစားမှုများကို ပြောင်းလဲစေ နိုင်ပြီး ပြည်သူလူထုကို အသိပညာ ပေးခြင်း၊ ဖျော်ဖြေမှုရသပေးခြင်းများနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေး မှုနှင့်    အမျိုးသားရေး   စရိုက် လက္ခဏာများကို   ထိန်းသိမ်းပြီး နိုင်ငံ၏   ရေစီးကြောင်းပေါ်တွင် ပါလာအောင် စည်းရုံးလှုံ့ဆော်နိုင် ခဲ့ကြသူများ ဖြစ်ပါကြောင်း။

 


သမိုင်းမှတ်တမ်းတင်နိုင်ခဲ့  


နိုင်ငံတော်   အနေဖြင့်လည်း မိမိတို့၏ ပြည်တွင်းအင်အားစုများ ဖြစ်သော    စာပေ၊  ရုပ်ရှင်၊  ဂီတ၊ သဘင် စသည်တို့မှ အနုပညာရှင် များကို အမြဲမပြတ် ကူညီပံ့ပိုးပေး လျက်ရှိသလို    အနုပညာရှင်များ ကလည်း မိမိတို့တတ်ကျွမ်းသည့် အနုပညာရပ်နှင့်   နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ခေတ်အဆက် ဆက်   သယ်ပိုးပေးခဲ့ကြသည်ကို သမိုင်းမှတ်တမ်းတွင်   တင်ထား နိုင်ခဲ့ပါကြောင်း၊       ယခုလည်း ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ ကျင်းပနိုင်ရေးအတွက် ယခင်က လို အနုပညာရှင်များ၏  စုပေါင်း စွမ်းအားနှင့် တက်တက်ကြွကြွ ပါဝင်       ဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း၊        ယခုလို ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာ နယ်ပယ်အလိုက် ပါဝင်ဆောင်ရွက် နိုင်မည့်    ဆောင်ရွက်သင့်သည့် အစီအစဉ်များ၊ လိုအပ်ချက်များကို အကြံပြု          ဆွေးနွေးပေးစေလိုကြောင်း။

 


ကိုဗစ် - ၁၉     ကာလတွင် ပြည်သူများ၏    ညှိုးနွမ်းနေသည့် စိတ်နှလုံးများ၊ ရပ်တန့်ခဲ့ရသည့် ယန္တရားများ၊ ပြန်လည်လည်ပတ်စ ပြုနေသည့် လုပ်ငန်းများကို မိမိတို့ အနုပညာရှင်များက ယနေ့အချိန် အခါတွင်   ခေတ်အဆက်ဆက် အမျိုးသားရေး    တာဝန်ကျေမှု၊ တီထွင်ကြိုးပမ်း    အားထုတ်မှု၊ ညီညီညွတ်ညွတ်ပူးပေါင်းဆောင် ရွက်မှုဆိုသည့်    ရုပ်ရှင်၊   ဂီတ၊ သဘင်      အဖွဲ့အစည်းများ၏ အစဉ်အလာကောင်းများနှင့်အညီ   တိုင်းရင်းသားပြည်သူအားလုံး၏ စိတ်နှလုံးကို    ထာဝရချမ်းမြေ့ ပျော်ရွှင်နေအောင်       အနုပညာ စွမ်းပကားနှင့် သယ်ပိုးထမ်းဆောင် ရင်း      အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဝိုင်းဝန်း      အကြံပြုပေးကြပါဟု ပြောကြားသည်။

 


ထို့နောက်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး    ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် က  ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ ကျင်းပ ပြုလုပ်မည့်  အစီအစဉ်အကြမ်း ဖျင်းကို   ရှင်းလင်းတင်ပြသည်။

 


ဝိုင်းဝန်းဆွေးနွေး


ယင်းနောက်    မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး    နာယက ဦးအောင်လွင်၊   မြန်မာနိုင်ငံ ဂီတ  အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင် မြင့်နှင့်  မြန်မာနိုင်ငံသဘင်ပညာ ရှင်များ     အစည်းအရုံးအတွင်း ရေးမှူး ဦးနေဝင်းတို့က  ရုပ်ရှင်၊ ဂီတ၊    သဘင်   ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍  ဆွေးနွေးတင်ပြကြ ပြီး      တက်ရောက်လာကြသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်မှ အနုပညာ ရှင်၊      အတတ်ပညာရှင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးက    တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။                    

 သတင်းစဉ်