နေပြည်တော် ဇွန် ၉
ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရုံးအမှတ်(၄၅)အနီး၌ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက် ၍ အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို စိုက် ပျိုးကြသည်။(ဝဲပုံ) ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် နှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၏ ဇနီး၊ အမြဲတမ်း အတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဇနီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီးတို့သည် တာဝန် ရှိသူများနှင့်အတူ စုပေါင်း သစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စိုက်ပျိုး ထားသော အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် တစ်ရှူးငှက်ပျော စိုက်ခင်းကို လှည့်လည်ကြည့်ရှု သည်။ ယနေ့ပြုလုပ်သည့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာန ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးပွဲ တွင် ရတနာတန်းဝင် ကျွန်းပင်၊ မဟော်ဂနီပင်၊ ပိတောက်ပင်၊ သင်းဝင်ပင်၊ ခရေပင်၊ အရိပ်ရ လေကာ မန်ဂျန်ရှားပင် စုစုပေါင်း အပင် ၁၁၂၀ စိုက်ပျိုးခဲ့ကြသည်။ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ်များနှင့်ဒေသအနှံ့ ရုံးဌာန အားလုံးတွင် ယနေ့အထိ ရတနာ တန်းဝင်ပင်များ၊ အရိပ်ရလေကာ ပင်များ၊ သီးပင်စားပင်များ စုစုပေါင်း ၄၂၀၉၉ ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



