တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၂ ကျင်းပ

 

နေပြည်တော်   ဇွန်   ၈


တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၂ ကို ယနေ့ နံနက် ၉ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 


ပထမဆုံးအကြိမ်ပြုလုပ်


ရှေးဦးစွာ  အဖွဲ့ဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဇွန် ၁၉ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်  ၁၈၉/၂၀၂၁ ဖြင့်  တရားဥပဒေ စိုးမိုးရေးနှင့်  တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကြောင်း၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင်     တရားဥပဒေစိုးမိုးရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများကို    အဖွဲ့ဝင်  ၉  ဦးစီဖြင့်    ဖွဲ့စည်း ထားကြောင်း၊ ဗဟိုအဖွဲ့နှင့် ပြည်နယ်/တိုင်း အဖွဲ့ခွဲများ ပါဝင်သည့် အစည်းအဝေးများကို ဆက်လက်ကျင်းပရန် ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်  ယခုအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ်ပြုလုပ်သည့်  အစည်းအဝေးဖြစ်ကြောင်း၊  ဥပဒေ ရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အဓိကကျသည့် အခန်းကဏ္ဍတွင်  ပါဝင်နေပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ ပြည်သူများအတွက် တရားမျှတမှုရရှိရန် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅-၂၀၁၉ တွင် မဟာဗျူဟာစီမံကိန်း “တရားဥပဒေစိုးမိုးရေးဆီသို့” ဟူ၍ ရှိခဲ့ကြောင်း၊ ၂၀၂၀ -၂၀၂၄ တွင် လည်း “တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှု” ဟူသည့် မဟာဗျူဟာစီမံကိန်းရှိခဲ့ပါကြောင်း၊ မိမိတို့ရုံး၏ မဟာဗျူဟာတွင် တရားမျှတမှု အတွက် ပေါင်းစပ်ညှိနှိုင်းရေးဆိုသည့်အချက် ပါဝင်ကြောင်း၊ ထိုမဟာ ဗျူဟာကြီး နှစ်ခုအပြင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ မဟာဗျူဟာမှာ ပြည်သူ့ အတွက် တရားမျှတမှု (Justice for People )ဖြစ်ကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် Justice for People နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက် ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ စာအုပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ယခုအခြေအနေတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် လုပ်ငန်းအကောင် အထည်ဖော်ရာတွင်  အခက်အခဲနှင့် စိန်ခေါ်မှု  များစွာရှိသော်လည်း မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်း များ ပေါင်းစပ်ညှိနှိုင်းရေးအတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေး တွင်  တက်ရောက်လာကြသူများက မိမိတို့အဖွဲ့အနေဖြင့် လက်ရှိအခြေ အနေနှင့် လိုက်လျောညီထွေအောင် မည်သို့ဆက်လက်လုပ်ဆောင်ကြ မည်ကို  ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 


ဝိုင်းဝန်းဆွေးနွေး


ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက  တရား မျှတမှုဆိုင်ရာ     ပေါင်းစပ်ညှိနှိုင်းမှုများကိုဆောင်ရွက်ရန်၊   ဥပဒေ အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ရန်နှင့် ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုရရှိအောင် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်း ဆွေးနွေးကြသည်။

 


အစည်းအဝေးသို့  တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ  ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဥက္ကဋ္ဌ၊  ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။            

သတင်းစဉ်