ထားဝယ် ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင် ဇဝဲ - ဘန်းလမွတ်ဒေသတွင် တည်ဆောက်မည့် ၁၀ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံ စီမံ ကိန်း၊ မြိတ်ခရိုင် သမုတ် - လွတ်လွတ်ဒေသ၌ ဆောင်ရွက် မည့် ၂၆ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် ပလောက် ချောင်းတွင် တည်ဆောက်မည့် ၁၀ မဂ္ဂါဝပ် ရေအားလျှပ်စစ် စီမံ ကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင်တူးဖော်ခြင်း စီမံကိန်း နှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယမန်နေ့က ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီး တွင် လျှပ်စစ်ဓာတ်အား ရရှိရေး၊ လျှပ်စစ်ဓာတ်အား အပြည့်အဝ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းသက်သာ စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍ နှင့် ပတ်သက်ပြီး လာရောက် ရင်းနှီးမြှုပ်နှံသူများကို ကော်မတီ ဝင်များအနေဖြင့် လက်ခံ၍ အမြန်ဆုံး စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုမ္ပဏီများ အနေဖြင့်လည်း လျှပ်စစ်ကဏ္ဍ နှင့် ပတ်သက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအား အပြည့်အဝ ကြိုးစားဆောင်ရွက်ပေးရန် လို အပ်ကြောင်း ပြောကြားသည်။
ထို့နောက် Southern Power Grid Co.,Ltd မှ စီမံကိန်းများနှင့် ပတ်သက်၍ ကွင်းဆင်းစိစစ်ရေး နှင့် စာချုပ် (မူကြမ်း)များစိစစ်ရေး ကော်မတီသို့ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ တိုင်း ဒေသကြီး ဝန်ကြီးများနှင့် ကော်မတီဝင်များက ဖြည့်စွက် ဆွေးနွေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)



