နေပြည်တော် ဇွန် ၇
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်
အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း များ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ထိရောက်လျင်မြန်စွာ ဆောင်ရွက်
ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ပြန်လည်နေရာ ချထားပြီးနောက် ပြန်လည်ဝင်ရောက်လာသူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များအားလည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီက ရေးဆွဲဆောင်ရွက် လျက်ရှိသည့် စီမံချက်ပါ လုပ်ငန်းများအပေါ် ထိရောက်အကျိုးရှိသည့် အကြံပြုချက်များ ရရှိနိုင်ရေး အတွက် လည်းကောင်း ဝိုင်းဝန်းသုံးသပ်ဆွေးနွေး ကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ အောင်မြင် အောင် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ လုပ်ငန်းကော်မတီများနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့အနေဖြင့် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ထိရောက် လျင်မြန်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြန်လည်ဝင်ရောက်လာသူများအား လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြ သည်။
ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး
ဆက်လက်၍ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထား ရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ လုပ်ငန်း ကော်မတီအလိုက် ရှင်းလင်းတင်ပြကြပြီး အစည်း အဝေးသို့ တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ သတင်းစဉ်



