ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၁၃)ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် ဆွဲကြိုးလုယက်မှုတွင် ကျူးလွန်ခဲ့သူများအား လက်နက်ခဲယမ်းများနှင့်အတူ  ဖမ်းဆီးရမိ 


 

 

နေပြည်တော်   မေ   ၃၀
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် (၁၃) ရပ်ကွက်  ရှင်ထွေးညိုလမ်းရှိ လမင်း   လက်ဖက်ရည်ဆိုင်ရှေ့၌ မေ ၁၉ ရက်  ညနေ ၃ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး          အဆိုပါ မြို့နယ်နေ   အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို      လုယက်ယူဆောင် ထွက်ပြေးသွားခဲ့သူများအား    မေ ၂၈ ရက်   မွန်းလွဲ  ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် လက်နက်ခဲယမ်းများ နှင့်အတူ  ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဆွဲကြိုးလုယက်ယူဆောင်မှုနှင့်ပတ်သက်၍     ကျူးလွန်သူ များ   မောင်းနှင်အသုံးပြုခဲ့သည့် မော်တော်ယာဉ်သွားလာရာ လမ်း တစ်လျှောက်ရှိ   CCTV    များမှ တစ်ဆင့် အသုံးပြုသည့်မော်တော် ယာဉ်ကို  ဖော်ထုတ်တွေ့ရှိခဲ့ရပြီး အဆိုပါယာဉ်မှာ ကြည့်မြင်တိုင်မြို့ နယ်နေ    သော်ဇင်အောင် (ဘ) ဦးလှိုင်က   ငှားရမ်းအသုံးပြုထား သည့် မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့်    ရှာဖွေဖော်ထုတ် ဖမ်းဆီးခဲ့ရာ        ၎င်းနှင့်အတူ အောင်ပိုင်စိုး   (ဘ)   ဦးစံသောင်း တို့ကို     ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းနှင့်      ဗားကရာ လမ်းဆုံအနီး၌      ပစ္စတိုသေနတ် တစ်လက်၊ LUGER   ၉ မမ ကျည် ၁၁ တောင့်တို့နှင့်အတူ   ဖမ်းဆီး ရမိခဲ့သည်။     
၎င်းတို့၏    ပြောကြားချက် များအရ    လုယက်မှုကျူးလွန်ရာ တွင်   ပါဝင်ခဲ့ကြသူများဖြစ်သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ဝတုတ်   (ခ)   ကျော်ကျော်  (ခ) ကျော်ကျော်တင်  (ဘ) ဦးဝင်းနိုင် ကို အဆိုပါရပ်ကွက်ရှိ  ဂိတ်ဟောင်း မှတ်တိုင်အနီး၌    လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)   မြို့နယ် (၆)ရပ်ကွက်နေ       ဝင်းထွန်း (ခ) ထွန်းဝင်း (ဘ) ဦးသောင်းဟန်ကို ၎င်း၏နေအိမ်၌   လည်းကောင်း၊ ထန်းတပင်မြို့နယ်       ရိုးလေး ကျေးရွာနေ           ကျော်သူ (ခ) ကျော်ကြီး (ဘ)    ဦးစိုးမောင်ကို ၎င်း၏နေအိမ်၌    လည်းကောင်း အသီးသီး        ထပ်မံဖမ်းဆီးရမိခဲ့ သည်။ 
၎င်းတို့သည် ဆွဲကြိုးလုယက် မှုကို ကျူးလွန်ပြီး  အဆိုပါဆွဲကြိုး ကို       လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်    ၁၀၃ မှတ်တိုင်အနီး၌ ငွေကျပ်ကိုးသိန်းဖြင့်    ရောင်းချခဲ့ ကြောင်း သိရှိရပြီး လက်နက်ခဲယမ်း များနှင့်အတူ   ဖမ်းဆီးရမိသူများ အား           တရားဥပဒေနှင့်အညီ အမှုဖွင့်  အရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း   သတင်းရရှိ သည်။
သတင်းစဉ်