PDF အမည်ခံအကြမ်းဖက်သမားများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  အသုံးပြုရန်အတွက် ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်သည့်  ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို လုယက်ယူဆောင်

 

 

နေပြည်တော်   မေ  ၃၀
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အရေး ကြီးသည့်  အခန်းကဏ္ဍတွင် ပါဝင်သော  ပညာ ရည်မြင့်မားရေးလုပ်ငန်းများကို    နိုင်ငံတော် အစိုးရက ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုများကြောင့် ကျောင်းသား ကျောင်းသူ များ၏  စာသင်နှစ်   နစ်နာမှုများဖြစ်ပေါ်လာ သဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို         အစွမ်းကုန် ဆောင်ရွက်ခဲ့ပြီး ရောဂါထိန်းချုပ်နိုင်သည်နှင့် တစ်ပြိုင်နက် စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်ကာ လူ့စွမ်းအားအရင်းအမြစ်တိုးတက် ရေးအတွက်  ကြိုးပမ်းခဲ့သော်လည်း  NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးအစွန်းရောက် အယူဝါဒများ ကို လက်ကိုင်ထား၍ ကျောင်းတက်ရောက်ကြ သည့် ကျောင်းသား ကျောင်းသူများ၊  ပညာ သင်ကြားပေးကြသည့်   ဆရာ   ဆရာမများ နှင့်  ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ပညာရေးအဆောက်အဦများ၊ စာရွက်စာတမ်း များ၊ ပညာရေးအထောက်အကူ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းများ၊ လက်လုပ်ဗုံးများ ဖြင့်  ဖောက်ခွဲဖျက်ဆီးခြင်းများကို   နေရာ တချို့၌      ကျူးလွန်လုပ်ဆောင်လျက်ရှိကြ သည်။ 
ထိုသို့လုပ်ဆောင်လျက်ရှိရာ မေ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တွင် အသုံးပြုရန်အတွက် ကျောင်းသုံး ဗလာစာအုပ်များနှင့်   ပုံနှိပ်စာအုပ်များပါဝင် သော ပီနံအိတ် ၄၁ အိတ်နှင့် စက္ကူဂျပ်ဖာ ၄၁ ဖာတို့ကို စစ်ကိုင်းတိုင်းဒေသကြီး  မော်လိုက် ခရိုင်ပညာရေးမှူးရုံးမှ   ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်ရန် မော်လိုက်-ဖောင်းပြင် ကုန်တင်ရေယာဉ်ဖြင့် ပို့ဆောင်ပေး ခဲ့ကြောင်း၊ အဆိုပါရေယာဉ်သည် မွန်းလွဲ ၂ နာရီခန့်တွင် မော်လိုက်မြို့နယ် ယုဝကျေးရွာ အနီးသို့   အရောက်၌    လက်နက်ငယ်များ  ကိုင်ဆောင်ထားသည့်    PDF    အမည်ခံ  အကြမ်းဖက်သမား     ၂၀  ခန့်က    ရေယာဉ်အား  
တားဆီးကာ    ကျောင်းသုံးဗလာ စာအုပ်များနှင့်  ပုံနှိပ်စာအုပ်များကို လုယက်ယူဆောင်၍    ရေယာဉ် အား   ဆက်လက်ထွက်ခွာစေခိုင်း ခဲ့ကြောင်း သိရှိရသည်။    
PDF အမည်ခံ အကြမ်းဖက် သမားများ   လုယက်ယူဆောင် သွားသည့်    ကျောင်းသုံးဗလာ စာအုပ်များနှင့်    ပုံနှိပ်စာအုပ်များ သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် ကျောင်းသား ကျောင်းသူများ အသုံးပြုရန်အတွက်    ပေးပို့သည့် စာအုပ်များဖြစ်ပြီး   ကျောင်းသုံး ဗလာစာအုပ်          ဒါဇင် ၁၀၀၀ (၁၂၀၀၀ အုပ်)၊     Grade-11 သင်ရိုးအတွက်         စာရိတ္တနှင့် ပြည်သူ့နီတိပုံနှိပ်စာအုပ်    ၂၅၀၀၊ ရူပဗေဒပုံနှိပ်စာအုပ်     ၁၁၀၀  နှင့်   ရူပဗေဒ  လက်တွေ့ပုံနှိပ်စာအုပ် ၁၁၀၀    စုစုပေါင်း  ပုံနှိပ်စာအုပ်  အုပ်ရေ    ၄၇၀၀   ပါဝင်ကြောင်း သိရှိရသည်။
အလားတူ မေ ၂၄ ရက် ညနေ ၆ နာရီ   ၁၀ မိနစ်ခန့်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး  သရက် ချောင်းမြို့နယ်   အောက်သရက် ချောင်းကျေးရွာ၏  အရှေ့မြောက် ဘက်   မီတာ ၂၀၀၀   ခန့်အကွာရှိ ထားဝယ် - မြိတ်    ပြည်ထောင်စု လမ်းမကြီးပေါ်၌         မြိတ်ခရိုင် အတွင်းရှိ      စာသင်ကျောင်းများ သို့ ဖြန့်ချိမည့်   ကျောင်းသုံးပုံနှိပ် စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ်နှစ်စီးကို     PDF အမည်ခံ  အကြမ်းဖက်သမားများ က တားဆီးရပ်တန့်၍  ကျောင်းသုံး ပုံနှိပ်စာအုပ်များ  ထည့်ထားသည့် ဆာလာအိတ် ၁၅၉၇ ထုပ်အနက်မှ ဆာလာအိတ် ၄၈ ထုပ်ကို   ကား လမ်းဘေးသို့ချ၍   မီးရှို့ဖျက်ဆီး ခဲ့ကြသည်။ 
ထို့အတူ   မေလ ၁၁ ရက်နေ့ ည ၁၀ နာရီတွင်လည်း စစ်ကိုင်း တိုင်းဒေသကြီး   ကသာမြို့နယ် တုန်းပေါကျေးရွာရှိ   တုန်းပေါ အခြေခံပညာ    အလယ်တန်း ကျောင်းသို့   PDF   အကြမ်းဖက် သမား သုံးဦးခန့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက် ၍ နှစ်ထပ်စာသင်ကျောင်းဆောင် ရှိ  ကျောင်းအုပ်ကြီး  ရုံးခန်းနှင့် စာသင်ခန်း        တစ်ခန်းအတွင်းမှ ပစ္စည်းများကို        ဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ ကျောင်းသား ကျောင်းသူ များ၏         ပညာသင်ယူခွင့်ကို ဟန့်တား၍     အနှောင့်အယှက် ဖြစ်စေရန်   ကျောင်းသုံးစာအုပ် များကို      လုယက်ယူဆောင်သွား သည့်  PDF   အမည်ခံ အကြမ်းဖက် သမားများအား   ဖမ်းဆီးရမိရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်