
နေပြည်တော် မေ ၃၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်း အပ်နှံရေးနေ့ကို ယနေ့နံနက်ပိုင်း တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ ကျောင်းသား ကျောင်းသူ များက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်း က ကျောင်းအပ်နှံရေးဆိုင်ရာ များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ကျောင်းသား ကျောင်းသူများကို ကျောင်းသုံး ဗလာစာအုပ်များ၊ စာရေးကိရိယာ များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် မြိတ်တက္ကသိုလ် ပုလဲ သစ္စာခန်းမ၌ မြိတ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် တွဲဖက်ပါမောက္ခ များ၊ သင်ကြားရေး ဆရာ ဆရာမ များနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး မြိတ်တက္ကသိုလ် ဓမ္မာရုံ တည်ဆောက်ရေးအတွက် အလှူငွေကျပ်သိန်း ၂၀၀ ကို ပေးအပ်လှူဒါန်းကာ တက္ကသိုလ် သင်ကြားရေးဌာန၏ ပြခန်းများ အတွင်း လိုက်လံကြည့်ရှုခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်