
နေပြည်တော် မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေ သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ သည် ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ပုလော မြို့နယ်ရှိ မလိတိုက်နယ်ဆေးရုံ၌ အခြေပြု၍ မလိကျွန်းနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၉၆၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ဆေးဝါးကုသ
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၈၅ ဦး၊ ခွဲစိတ်ရောဂါ ၆၃ ဦး၊ သားဖွား၊ မီးယပ်ရောဂါ ၁၀၂ ဦး၊ ကလေး ရောဂါ ၁၃၆ ဦး၊ အရိုးရောဂါ ၈၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၉၁ ဦး၊ မျက်စိရောဂါ ၈၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁၄ ဦး စုစုပေါင်း ၉၆၄ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။
ရောဂါရှာဖွေစမ်းသပ်
ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ခုနစ်ဦးကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက် လူနာ ၆၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၄ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၃၉ ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက် လူနာ ခြောက်ဦးတို့ကို ရောဂါ ရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်