အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွေ့ဆုံဆွေးနွေး

 

နေပြည်တော် မေ ၂၉


အမျိုးသားစည်းလုံး  ညီညွတ် ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင် မှု      ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ   အစုအဖွဲ့၏ အလုပ်အဖွဲ့တို့   တွေ့ဆုံဆွေးနွေး ပွဲကို       ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ       အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု           ဗဟိုဌာန အစည်းအဝေးခန်းမ၌   ကျင်းပ သည်။

 


တွေ့ဆုံ      ဆွေးနွေးပွဲသို့ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊   ပြည်ထောင်စု အစိုးရအဖွဲ့ရုံး   ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု         ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ    အစုအဖွဲ့၏    အလုပ်အဖွဲ့ခေါင်းဆောင်   ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့  ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 


အမှာစကားပြောကြား


တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုး သား   စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီ များ    အစုအဖွဲ့၏   အလုပ်အဖွဲ့ ခေါင်းဆောင်   ရှမ်းတိုင်းရင်းသား များ  ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်း ဆက်အမှာစကား  ပြောကြားကြ သည်။

 


အလွတ်သဘော ဆွေးနွေးညှိနှိုင်း


ယင်းနောက် ဆွစ်ဇာလန်နိုင်ငံ ၏ ဖက်ဒရယ်စနစ်အပေါ် လေ့လာ တွေ့ရှိချက်များအား   ညှိနှိုင်းရေး ကော်မတီမှ  ရှင်းလင်းဆွေးနွေး သည်။  ဆက်လက်၍  နိုင်ငံရေး ပါတီများအစုအဖွဲ့၏  အလုပ်အဖွဲ့ က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား   အဆိုပြုဆွေးနွေး ပြီး   တက်ရောက်လာသူများက အလွတ်သဘော ဆွေးနွေးညှိနှိုင်း ကြသည်။  အထွေထွေဆွေးနွေး ခြင်းအနေဖြင့်     ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စု သဘောတူစာချုပ်  အစိတ်အပိုင်း (၁/၂/၃) ပါ  သဘောတူညီချက် များနှင့်ပတ်သက်၍       လည်း ကောင်း၊    အစိတ်အပိုင်း  (၃)မှ ဆက်လက်ဆွေးနွေးရန်  ကျန်ရှိ သည့် ဇယား-၂ ပါ ဆွေးနွေးရန် အချက်များနှင့်    ပတ်သက်၍ လည်းကောင်း၊     အမျိုးသားစည်းလုံး  ညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ မှ   လေ့လာဆန်းစစ်ဖော်ထုတ် စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

 


 မှတ်တမ်းတင်ခဲ့ကြ


ထို့နောက်  တွေ့ဆုံဆွေးနွေးပွဲ ဆွေးနွေးချက်များအရ   နှစ်ဖက် သဘောထားများကို သဘောထား စုစည်းချက်များအဖြစ် မှတ်တမ်း တင်ခဲ့ကြပြီး   နိုင်ငံရေးပါတီများ အစုအဖွဲ့၏   အလုပ်အဖွဲ့ခေါင်း ဆောင်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့်  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု         ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာ စကား   ပြောကြားခဲ့ကြကြောင်း သိရသည်။            

သတင်းစဉ်