ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ် စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်    မေ   ၂၈


အကောက်ခွန်ဦးစီးဌာနအနေဖြင့်   ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။ 

 


ထိုသို့ထုတ်ပေးရာတွင် မေ ၂၈ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၁၀ မျိုး စုစုပေါင်း ၇၀၁၂၅ ဒသမ ၆၄ KG နယ်စပ်(ချင်း ရွှေဟော်)တွင် Compound Vitamin B Tablet ၃၉၉၀၊ Diclo Tablet ၁၆၉၀၀၊ Rani Injection ၉၁၆၀၀၊ Diclo Injection ၁၇၆၀၀၊ Bcom Injection ၁၄၀၀၀၊ Hanma Disposavle Syringe ၃၄၈၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                        

သတင်းစဉ်