
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘော တူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်း ဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၂၅-၅-၂၀၂၂) နေ့က ပြုလုပ်ခဲ့ သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်း အဝေးတွင် (၁၄-၃-၂၀၂၂) နေ့မှ (၁၃-၅-၂၀၂၂) နေ့ထိ လုပ်ငန်းအသိ အမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်း အတွက် အသစ်လျှောက်ထားသူ ဂျာနယ် တစ်ဦး၊ အထွေထွေ ၁၄ ဦး ပေါင်း ၁၅ ဦးကို လည်းကောင်း၊ သတင်းအေဂျင်စီလုပ်ငန်း လျှောက် ထားသူ လေးဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၆ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၁၆၀ နှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၉၅ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၂၅၁ ဦး အား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန