ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

 နေပြည်တော်    မေ   ၂၅


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ဝန်ထမ်း  အရာထမ်း၊  အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။    

 


ထိုသို့  လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်နှင့် သုခဝိဟာရ(သရက်ကုန်း) ပရိယတ္တိစာသင်တိုက်တို့  သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကန်ဦးဇေတဝန်စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဗုဒ္ဓေါမော်ကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်     မိုင်းရယ်မြို့နယ်ရှိ   ပရိယတ္တိ သဒ္ဓမ္မပါလစာသင်တိုက် (ဆိုင်မိန်းကျောင်း)သို့ လည်းကောင်း    ဆရာတော်၊   သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။      

                       

သတင်းစဉ်