ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း 


 

နေပြည်တော်    မေ   ၂၄
ပြည်ထဲရေးဝန်ကြီးဌာန        တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ် အသီးသီးရှိ         ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။    
ထိုသို့       လှူဒါန်းလျက်ရှိရာ     ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ မြို့ဦးတိုက်သစ်ကျောင်းတိုက်သို့    လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ နဂါးပရိယတ္တိစာသင်တိုက်သို့      လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ချမ်းမြေ့ အောင်စည် ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သာသနာ့ရက္ခိတကျောင်းတိုက်သို့လည်း ကောင်း၊     ရှမ်းပြည်နယ်   တောင်ကြီးမြို့နယ်ရှိ အောင်မြေဘုံစံကျောင်းတိုက်သို့    လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး        တနင်္သာရီမြို့နယ်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်သို့လည်းကောင်း တာဝန် ရှိသူများက သွားရောက်၍ ဆရာတော်၊ သံဃာတော် များအတွက်  ဆွမ်းဆန်တော်များ   ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။                          သတင်းစဉ်