တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

 

နေပြည်တော်  မေ   ၂၄
တပ်မတော်(ကြည်း၊  ရေ၊ လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများနှင့်   စေတနာရှင် အလှူရှင်များက     မြို့နယ် အသီးသီးရှိ       ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများသို့   ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း ခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်    ဧရာဝတီတိုင်း ဒေသကြီး   ပုသိမ်မြို့ရှိ   ပုဗ္ဗာရုံ ကျောင်းတိုက်၊   ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ    သင်ပုန်းတန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့ရှိ       ဖုန်ညို ဘုန်းတော်ကြီးကျောင်း၊   ရသေ့ တောင်မြို့ရှိ      တောင်လှမော် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့ရှိ ဝါးခုတ်ချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့်   ကျောက်ဖြူမြို့ရှိ  ယပ်လှဲ ဘုန်းတော်ကြီး     ကျောင်းတို့မှ သံဃာတော်များနှင့်    သာသနာ့ နွယ်ဝင်         သီလရှင်များအား ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူ ငွေများ၊   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊   နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို   တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက   သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း    သတင်းရရှိ သည်။         
 သတင်းစဉ်