
မန္တလေး မေ ၂၄
၂၀၂၁-၂၀၂၂ ခုနှစ်တွင် မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ ဆည်တော်ကြီး ရေလှောင်တမံမှ ရေသောက် ဧရိယာအတွင်း တောင်သူများ စိုက်ပျိုးထားရှိသည့် နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၆၉၀၀၀ ကျော်အတွက် အောင်ရေ ပြည့်ဝ စွာရရှိစေရန် ဇွန် ၁၅ ရက်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
အဆိုပါ ဆည်တော်ကြီး ရေလှောင်တမံမှ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့ရှိ ရေသောက် ဧရိယာအတွင်း စိုက်ပျိုးသော မြို့နယ်များကို ဖေဖော်ဝါရီလ တတိယပတ်မှစ၍ စိုက်ပျိုးရေများ ပေးဝေပြီး စိုက်ပျိုးခဲ့ရာ ယခု လက်ရှိအချိန်အထိ ကွင်းပိတ် စိုက်ပျိုးပြီးဧကအနေဖြင့် နွေစပါး ၆၈၀၅၈ ဧကနှင့် အခြားသီးနှံ ၁၁၆၂ ဧက စုစုပေါင်းစိုက်ပျိုး ပြီး ဧက ၆၉၂၂၀ ဧကဖြစ်ကာ ၎င်း စိုက်ဧကများအတွက် အောင်ရေ ပြည့်ဝစွာရရှိစေရန် ဇွန် ၁၅ ရက် အထိ စိုက်ပျိုးရေများကို ပေးဝေ သွားမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ဆည်မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ခရိုင်တာဝန်ခံမှ ပြောကြား သည်။
“ရေလှောင်တမံကနေ နွေ သီးနှံ စိုက်ပျိုးမယ့် တောင်သူ တွေအတွက်ကို ဖေဖော်ဝါရီလ တတိယပတ်ကနေစပြီး ရေပြည့်ဝ စွာ ပေးဝေပြီး စိုက်ပျိုးခဲ့တာပါ။ နွေစပါးလျာထား စိုက်ဧကမှာ ၆၇၅၁၃ ဧကနဲ့ တခြားသီးနှံ ၁၁၆၂ ဧက စုစုပေါင်း လျာထား ဧက ၆၈၆၇၅ ဧက ဖြစ်ပါတယ်။ ဆည်ရေပေးဝေ စိုက်ပျိုးနိုင် ခဲ့တဲ့ဧကမှာ နွေစပါးနဲ့ အခြား သီးနှံဧကပေါင်း ၆၉၂၂၀ ဧက ဖြစ်ပါတယ်။ ယခင်လျာထားဧက ထက်ကျော်ပြီး စိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ကွင်းပိတ်ပြီးဖြစ်သော် လည်း စိုက်ဧကများအတွက် လာမယ့် ဇွန် ၁၅ ရက်အထိ ရေလိုအပ်ချက်မရှိစေဘဲ အောင်မြင် ဖြစ်ထွန်းသည်အထိ ပေးဝေသွား မှာပါ။ တောင်သူတွေအနေနဲ့ ကလည်း ရေကိုစနစ်တကျသုံးစွဲဖို့ လိုပါတယ်။ ရေပြည့်ဝစွာ ပေးဝေ နိုင်ဖို့အတွက် ဆည်တော်ကြီး ရေလှောင်တမံမှာလည်း ရေ ပြည့်ဝစွာ သိုလှောင်ထားရှိပြီး ဖြစ် ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ရေလှောင်တမံက မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင် တို့ရှိ ရေသောက်ဧရိယာအတွင်း နွေစပါး အမှန်စိုက်ဧကများမှာ မတ္တရာမြို့နယ်တွင် နွေစပါး ၄၄၃၈၈ ဧက၊ အခြားသီးနှံ ၁၁၆၂ ဧက၊ ချမ်းမြသာစည်မြို့နယ်တွင် ၄၄ ဧက၊ ပုသိမ်ကြီးမြို့နယ် တွင် ၁၇၄၈၅ ဧက၊ အမရပူရ မြို့နယ်တွင် ၆၁၄၁ ဧက စုစုပေါင်း စိုက်ဧက ၆၉၂၂၀ တို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ထိုအတူ စဉ့်ကူးမြို့နယ်အတွင်းရှိ မာလဲ နတ်တောင် ရေလှောင်တမံမှ နွေစပါးနှင့် အခြားသီးနှံ ဧက ၁၁၀၀ လျာထားစိုက်ပျိုးခဲ့ရာမှ ရေပြည့်ဝစွာဖြင့် စိုက်ပျိုးနိုင်ခဲ့ သည့် ဧကစုစုပေါင်း ၂၀၂၃ ဧက ဖြစ်ကာ လျာထားဧကထက် ကျော်လွန်စွာ ပေးဝေစိုက်ပျိုးနိုင်ခဲ့ ကြောင်း သိရသည်။
မောင်အေးချမ်း