၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။  အဆိုပါ   သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့  အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးနှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများ က သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

 


(ယမန်နေ့မှ အဆက်) 


ဆက်လက်ပြီး တတိယပိုင်းအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့် ဘဏ္ဍာ ရေးဆိုင်ရာကိစ္စရပ်ကို ထည့်သွင်းပြောကြားလိုပါကြောင်း၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေး ရေး တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း တည်ငြိမ်ရေးအတွက် ကဏ္ဍ သုံးပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးတည်ငြိမ် ရေးကိုဆောင်ရွက်ရာတွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေရေးကြေးရေးကဏ္ဍသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးတည်ငြိမ် ရေး၊ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ငွေကြေးတည်ငြိမ်ရေးဆောင်ရွက်ရာတွင် မိမိတို့၏ အဓိကရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစျေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းဆောင်ရွက်ရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းပြည်၏ စီးပွားရေးတိုးတက်မှု နှုန်း ရည်မှန်းချက်၊ သင့်တင့်သည့် ငွေကြေးဖောင်းပွမှုနှုန်းကို ရရှိစေ မည့် သီးသန့်ငွေကြေးပမာဏကို ရည်မှန်းချက်သတ်မှတ်ထားရှိသည့် ငွေကြေးမူဝါဒမူဘောင်ကို   ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုဘဏ်   အတိုးနှုန်း၊ အပ်ငွေပေါ်တွင်   အနိမ့်ဆုံးအတိုးနှုန်းနှင့် ချေးငွေအပေါ် အမြင့်ဆုံးအတိုးနှုန်းတို့ကို စုစုပေါင်း  ၃  ရာခိုင်နှုန်းအထိ  လျှော့ချသတ်မှတ်ပေးခဲ့ပါကြောင်း၊  ဘဏ်လုပ်ငန်းကဏ္ဍအတွင်း   ငွေကြေးလုံလောက်မှုရှိရန်နှင့် ငွေကြေးလွယ်ကူမှုကို ပိုမိုထောက်ပံ့နိုင်ရန် ဘဏ်များမှ မြန်မာကျပ်ငွေနှင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးသတ်မှတ်ချက်ကို ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင် နှုန်းသို့၊  ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ အဆင့်ဆင့် လျှော့ချ ပေးခဲ့ပါကြောင်း။

 


ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှုအခြေအနေ ကောင်းမွန်လာသည့် အခြေအနေအပေါ်မူတည်ပြီး ဗဟိုဘဏ်မှ ဖြေလျှော့ပေးနိုင်သည့်ကိစ္စ ရပ်များကိုစိစစ်ပြီး အများပြည်သူများ ငွေသားထုတ်ယူခြင်းဆောင်ရွက် ရာတွင် အဆင်ပြေစေရန် ယခင်သတ်မှတ်ပမာဏ ငွေကျပ်သိန်း ၂၀ နှင့် ကျပ်သိန်း ၂၀၀ သတ်မှတ်ချက်ကို ကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦး ချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀၊ အဖွဲ့အစည်း များအတွက် တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၁,၀၀၀ အထိ ထုတ်ယူ ခွင့်ကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ လက်ရှိတွင် လည်း ဘဏ်အချို့၌အပ်နှံထားသော ငွေသားများအားလုံး ပြန်လည် ထုတ်ယူနေနိုင်ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင်ထုတ်ပြန်ခဲ့သည့် အသိပေးကြေညာချက်အရ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိက လမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုများမှ ရငွေများ အပြည့်အဝရရှိ ရေးသည် အဓိကကျသည့်အချက်ဖြစ်ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ  ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ တို့တွင် ပို့ကုန်တင်ပို့သူက ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း  ယင်း၏  ဘဏ်စာရင်းသို့   နိုင်ငံခြားသုံးငွေနှင့် ဝင်ရောက်ရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါကြောင်း။
၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို ပို့ကုန်တင်ပို့သည့် နေ့မှစပြီး ခြောက်လအတွင်း ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေနှင့် မပျက်မကွက်ပြန်လည်ထည့်သွင်းစေရန်အတွက် ကုန်သွယ် မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေ ရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ   အသင်းချုပ်နှင့် နိုင်ငံခြားသုံးငွေများ  ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း   (AD)လိုင်စင်ရဘဏ်များပူးပေါင်းပြီး Power Point ပါအတိုင်း ဆောင်ရွက် ခဲ့ပါကြောင်း၊ (က) AD လိုင်စင်ရ ဘဏ်များမှ ဆက်သွယ်ခေါ်ယူစာရင်း ရှင်းလင်းခြင်း (သုံးနှစ်ကြာကာလအတွင်း)၊ (ခ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်မှ ဆက်သွယ်ခေါ်ယူစာရင်းရှင်းလင်းခြင်း (ရက်ပေါင်း ၆၀)၊  (ဂ) သတင်းစာများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင် စာရင်း ရှင်းလင်းရန်ကြေညာခြင်း(ရက်ပေါင်း ၆၀)၊ (ဃ) စာရင်းရှင်းလင်းမှု မရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ပသက) ပိတ်သိမ်း ခြင်း  (ရက်ပေါင်း ၃၀)၊  (င) ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှဦးဆောင်ပြီး ပို့ကုန်တင်ပို့သူ များနှင့် အစည်းအဝေး  ငါးကြိမ်ပြုလုပ်ကာ  ရှင်းလင်းဆွေးနွေးခြင်း စသည်တို့ဖြစ်ကြောင်း။

 


ပို့ကုန်တင်ပို့သူများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု  ဥပဒေ ပုဒ်မ ၃၈-ခ ဖြစ်သည့် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ် ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံ ခြားသုံးငွေဖြင့်ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ” ဟုဖော်ပြထား ရှိပြီး အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက  ဥပဒေပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဆိုသည့် ပြဋ္ဌာန်း ချက်များကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက် ရန်ကျန်ရှိသည့် ကုမ္ပဏီများကို အထက်အပိုဒ်ပါအတိုင်း အကြောင်း ကြားခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်း ခြင်း၊ အစည်းအဝေးများပြုလုပ်ပြီး ဆွေးနွေးခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်ပြီးသော်လည်း ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိဆဲ ကုမ္ပဏီ  ၁၅၈ ခုရှိပြီး အဆိုပါကုမ္ပဏီများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်နေပြီး ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကိုလည်း   အမည်မည်းစာရင်း  ထည့်သွင်း ကြောင်းနှင့် ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေဝင်ရောက်ရန်ကျန် ကုမ္ပဏီ များကိုလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်လျက်ရှိသည်ဟု ကြေညာထားပါကြောင်း။

 


ငွေကြေးကိစ္စ  တည်ငြိမ်အောင် ဆောင်ရွက်နေသကဲ့သို့    အစိုးရ အနေဖြင့်  မြန်မာနိုင်ငံတော်ရွှေလုပ်ငန်းရှင်များအသင်းအား  ရွှေဆိုင် ပိုင်ရှင်မဟုတ်သည့် ရွှေပွဲစားအချို့သည်  ရွှေလုပ်ငန်းရှင်များ အသင်းရုံး တွင် ရောင်းဝယ်ခြင်းမပြုဘဲ  လမ်းဘေးတွင် အမှန်တကယ်ဖြစ်သင့် သည့် ဈေးထက်ပို၍ ဈေးခေါ်ရောင်းချခဲ့သည့်အတွက် ရွှေဈေးနှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွှေဈေးနှုန်း ဆက်လက် မြင့်တက်မှုမရှိစေရေးနှင့် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်း အဆမတန် မြင့်တက်မှုမရှိစေရေး၊ ကမောက်ကမ မဖြစ်စေရေးနှင့် ဖြစ်သင့်သည့် ဈေးထက် ပိုမိုရောင်းဝယ်မှုမရှိစေရေးတို့အတွက် ရွှေရောင်းဝယ်မှုကို ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင်သာ  ရောင်းဝယ်ခြင်းပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊  စည်းကမ်းချက်နှင့် မကိုက်ညီဘဲ လိုင်စင်မဲ့လုပ်ကိုင်နေသူ  ခုနစ်ဦးကိုလည်း   ခေါ်ယူစစ်ဆေးလျက် ရှိကြောင်းကို အသိပေးလိုပါကြောင်း။

 


မိမိတို့ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များကို ပြည်ပထွက်ခွာမှုမပြုရန် အစိုးရက  လုပ်ဆောင်နေသည်ဆိုသော ကောလာဟလများ ထုတ်လွှင့်နေသည်ကိုလည်း တွေ့ရပါကြောင်း၊ ယင်းသတင်းများသည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ဘဏ်များနှင့်ပတ်သက်ပြီး အခက်အခဲများ  ရှိခဲ့ပါ ကြောင်း၊ ဘဏ်ကြီးအချို့ကို ဆက်လက်ရပ်တည်နိုင်ရေး အစိုးရအနေ ဖြင့် ကူညီပေးခဲ့ရပါကြောင်း၊ ဖြစ်ရသည့်အကြောင်းရင်းထဲမှ  အဓိက အချက်မှာ စည်းကမ်းနည်းလမ်းမကျစွာ လုပ်ဆောင်ခဲ့သူများ၏ အကျိုး ဆက်သာဖြစ်ကြောင်း၊ ထို့ကြောင့် ဘဏ်များ  စည်းစနစ်တကျဖြစ်ရေး   ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ယခုအထိလည်း လုပ်နေရဆဲဖြစ်ပါကြောင်း၊  စီးပွားရေး လုပ်ငန်းရှင်အများစုသည် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်မှု ရှိကြ ပါကြောင်း၊ အများစုသည် ဘဏ်လုပ်ငန်းပိုင်ရှင်များလည်း ဖြစ်ကြ ပါကြောင်း၊ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံကြရခြင်းများ၊ ဆွေးနွေး ရခြင်းများ ရှိပါကြောင်း၊ ယင်းကို မျိုးစုံကောလာဟလ ထုတ်လွှင့်နေ ခြင်း ဖြစ်ပါကြောင်း၊ လက်တွေ့တွင်လည်း ၎င်းတို့အနေဖြင့် ပြည်ပခရီး သွားလာမှုများရှိပါကြောင်း၊ နိုင်ငံရေး၊  စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍ စည်းကမ်းနည်းလမ်းမကျစွာ ဆောင်ရွက်နေမှုများ၊ လုပ်ထုံးလုပ်နည်း ကို ကျော်လွန်ဆောင်ရွက်နေမှုများကို  အစိုးရအနေဖြင့်  ပြန်လည် တည့်မတ်လမ်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေရခြင်းမှာ    နိုင်ငံတော်နှင့်  ပြည်သူလူထု၏ အနာဂတ်အတွက်သာဖြစ်ပါကြောင်း၊ ယင်းကဏ္ဍများ၌ စည်းစနစ် တကျ ခိုင်ခိုင်မာမာ ဖွံ့ဖြိုးတိုးတက်လာစေရန်  ဆောင်ရွက်လျက် ရှိကြောင်း သတင်းစကားပါးလိုပါကြောင်း ပြောကြားသည်။

 


ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက   ရှင်းလင်းပြောကြားရာတွင်   ယခု သတင်းစာရှင်းလင်းပွဲတွင်  ရှင်းလင်းတင်ပြမည့် အကြောင်းအရာ များမှာ (က)  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင် ရွက်မှု အခြေအနေ၊ (ခ) အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေး ပါတီများ   စစ်ဆေးခြင်း အပါအဝင်    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင်  ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ခဲ့ရာတွင် လုပ်ငန်းစဉ် (၁)ဖြစ်သည့် “မဲစာရင်းများစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့် ၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့် အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းစဉ် (၅) ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ  ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး   တရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန်”  တို့သည်   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်  တိုက်ရိုက်သက်ဆိုင်ပြီး   ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လုပ်ငန်း စဉ် (၁)ဖြစ်သည့် မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် ရွေးကောက်ပွဲ တွင် အသုံးပြုခဲ့သည့် မဲလက်မှတ်များကို စစ်ဆေးခြင်းများ ဆောင်ရွက် ရာတွင် တွေ့ရှိရသည့် ကိန်းဂဏန်းအချက်အလက်များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲအလွန်ကာလများတွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်၊ မဲမသမာမှု၊ ဥပဒေ၊ နည်းဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုအသေး စိတ်များကို ယခင်သတင်းစာရှင်းလင်းပွဲများတွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊  ယခုအချိန်တွင်  ၎င်းတို့ကို သင်ခန်းစာယူ သုံးသပ်ပြီး နောင်ကျင်းပမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်များကို အကျဉ်းချုပ်တင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲအတွက်   မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်းကို လဝကပုံစံ(၆၆/၆)၊ နိုင်ငံသားစိစစ်ရေး ကတ် စသည်များနှင့်  မြေပြင်တိုက်ဆိုင်စစ်ဆေးမှုမပြုဘဲ  ရှိကောက် စနစ်နှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် မှားယွင်းပြီး မဲမသမာမှုဖြစ်စေသည့် မဲဆန္ဒရှင်စာရင်း ၁၁ ဒသမ ၃ သန်းကျော်(မဲဆန္ဒရှင်ပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါတွင် ပြင်ဆင် ထားသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ မဲစာရင်းပြုစုရာတွင်  ကော်မရှင်ကသတ်မှတ်ထားသည့်  လူဦးရေပုံစံဇယားနှင့်အညီ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပြုစုထား သည့် လူဦးရေစာရင်းနှင့် လဝကမြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းကို  အခြေခံပြီး   ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ များကို ၎င်းတို့ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)တို့နှင့်  တိုက်ဆိုင်စစ်ဆေးပြီးမှသာ မဲစာရင်းတွင် ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများကို သက်ဆိုင်ရာ ဌာနအသီးသီးတို့က  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင်  မဲဆန္ဒရှင်စာရင်းများ   ကပ်ထားကြေညာခြင်းမပြုမီတွင် မြို့နယ် ကော်မရှင်အဖွဲ့ခွဲသည်  မြို့နယ်ထွေအုပ်၊  မြို့နယ်လဝက၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာမြို့နယ်များတွင်ရှိသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန် စိစစ်ရမည်ဖြစ်ကြောင်း၊ အလားတူ မဲစာရင်းတွင်တိုးလာမည့် အမည် စာရင်းနှင့် လျော့သွားမည့် အမည်စာရင်းများကို ပုံမှန်စိစစ်ပြုစုပြီး နောင်ရွေးကောက်ပွဲများတွင် အသုံးပြုနိုင်ရန် သက်ဆိုင်ရာဌာနများက ပုံမှန်ပေးပို့လုပ်ဆောင်ရမည့်  ပြဋ္ဌာန်းချက်များကိုလည်း  ထည့်သွင်း တင်ပြအပ်ပါကြောင်း ပြောကြားသည်။ 

 


ထို့အတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်- ၁၉ ရောဂါ အကြောင်းပြပြီး အသက် ၆၀ နှင့် အထက် မဲဆန္ဒရှင် များကို ကြိုတင်မဲပေးခွင့်ပြုခဲ့သည့်အတွက် ကြိုတင်မဲအရေအတွက် ပေါင်း ၆ သန်းခန့် မဲပေးသူပေါင်း၏ ၂၁ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း၊ ကြိုတင်မဲပမာဏ လွန်စွာများပြားခဲ့ပြီး ဥပဒေနှင့်အညီ စနစ်တကျ မဆောင်ရွက်ခဲ့သည့်အတွက်  ကြိုတင်မဲကောက်ခံခြင်း၊   ကြိုတင်မဲ‌ ပေးခြင်းများတွင်  မဲမသမာမှုဖြစ်စဉ်များစွာ   ဖြစ်ပေါ်ခဲ့ရကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပ ရောက် မဲဆန္ဒရှင်များကို တိကျစွာဖော်ပြထားပြီး ကြိုတင်ဆန္ဒမဲပေးရ မည့်နည်းလမ်းများကိုလည်း  သတ်မှတ်ထားကြောင်း၊   ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့်အထွေထွေ ရွေးကောက်ပွဲတွင်  သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကိုသာ စိစစ်ပြီး မဲဆန္ဒနယ်အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

 
ဆက်လက်ပြီး ယခင်က ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ် ပြင်ပရောက်  အခြားမဲဆန္ဒရှင်များနှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နည်းဥပဒေပြင်ဆင်ပြီး ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့ ရောက်ရှိရာ မဲဆန္ဒနယ်မဲစာရင်းတွင်ပါဝင်ရန် ပုံစံ( ၃-က )ဖြင့် လျှောက် ထားပြီး ဆန္ဒမဲပေးခွင့်ရရှိသည့်ကိစ္စဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုခဲ့သည့် အတွက် မဲစာရင်းများရှုပ်ထွေးပြီး ဒေသခံတိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကန့်ကွက်ခြင်း များစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ရက်ပေါင်း ၉၀ မဲဆန္ဒနယ်  ပြင်ပရောက်အခြား မဲဆန္ဒရှင်များကို ခွင့်မပြုဘဲ မဲဆန္ဒနယ်ပြင်ပရောက်အခြားမဲဆန္ဒရှင် များသည် မိမိရောက်ရာဒေသတွင် ဆန္ဒမဲပေးလိုပါက မဲစာရင်းထည့် သွင်းခြင်းနှင့်စပ်လျဉ်းပြီး ပါရှိရမည့် အထောက်အထားပုံစံများနှင့် အတူ ရောက်ရှိရာဒေသ၏ အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)တို့ ပူးတွဲ ပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားမှသာ  သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲက မဲစာရင်းတွင် ထည့်သွင်းပေးမည်ဖြစ်ပြီး မဲပေးခွင့် ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။   

 

 
ဆက်လက်ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအသီးသီးတွင် စုဝေး ဟောပြောခြင်း၊ နိုင်ငံရေးပါတီများ၏ မူဝါဒလုပ်ငန်းစဉ်များကို နိုင်ငံပိုင် မီဒီယာများမှ ဟောပြော၊ ထုတ်လွှင့်ဖော်ပြခြင်းများဖြင့် မဲဆွယ်စည်းရုံး ခြင်းများ ဆောင်ရွက်ခဲ့ကြရာတွင်  အခွင့်အရေးမညီမျှမှု၊  ကန့်ကွက် တိုင်ကြားမှုများအပါအဝင် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြား ချက်များကို ကျော်လွန်ဖောက်ဖျက် လုပ်ဆောင်ခဲ့သည်များကို တွေ့ရှိ ရကြောင်း၊ ထို့ကြောင့်  နောင်ကျင်းပမည့်   အထွေထွေရွေးကောက်ပွဲ တွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေ နှင့်အညီဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်   မဲဆွယ်စည်းရုံးခြင်းကဏ္ဍကို  သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင် အသစ်ထပ်တိုးပြီး ပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသည်များကို စိစစ်သည့်အခါတွင်  နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူဟုတ်/မဟုတ်နှင့် အသက် ၁၈ နှစ် ပြည့်/မပြည့် စိစစ်၍မရသည့် နိုင်ငံသားစိစစ်ရေးကတ်/ လက်မှတ် တစ်မျိုး မျိုးမရှိသည့် မဲဆန္ဒရှင် ၄ ဒသမ ၈ သန်းကျော် မဲစာရင်းတွင်ပါရှိပြီး မဲပေးခဲ့သည်များ၊ မဲဆန္ဒရှင် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြု၍ မရသည့် Voter Slip များ ကိုင်ဆောင်ပြသမဲပေးခဲ့သည်များ တွေ့ရှိ ရပြီး ဥပဒေနှင့်မညီသည့် မဲပေးမှုဖြစ်စဉ်များစွာ ပေါ်ပေါက်ခဲ့ကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲရုံမှူး (သို့မဟုတ်) ယင်းက တာဝန်ပေးထားသည့် မဲရုံအဖွဲ့ဝင်သည် မဲလက်မှတ်မထုတ်ပေးမီ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မှန်/မမှန်ကို မဲစာရင်းပါ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်၊ မဲစာရင်းအမှတ်တို့နှင့် စနစ်တကျ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ လက်မှတ်ရေးထိုးစေ၍ မဲလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း။ 

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နောင် ကျင်းပပြုလုပ် မည့် ရွေးကောက်ပွဲတွင်  မြန်မာနိုင်ငံနှင့်   သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီများနှင့်  လေးကြိမ်တွေ့ဆုံပြီး  ညှိနှိုင်းဆွေးနွေးခြင်း၊   စာတမ်းဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်းအပါအဝင် မဲဆန္ဒနယ်သတ်မှတ်ရေးကိစ္စများကို အစုအဖွဲ့အလိုက်  စာတမ်းဖတ်ကြားခြင်းများ  ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ အဟောသိကံ လေလွင့်ဆုံးရှုံးသည့်မဲများသည့် FPTP စနစ်အစား ရရှိသည့်ထောက်ခံဆန္ဒမဲအချိုးအစားအတိုင်း ရွေးကောက် တင်မြှောက်ခံရမည့်  အချိုးကျကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံ၏စာတတ်မြောက်မှုအပါအဝင် ရွေးကောက်ပွဲအတွေ့အကြုံ တို့အရ ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List PR)ကို ကျင့်သုံးရန် နိုင်ငံရေးပါတီများက သဘောတူခဲ့ပြီး ဖြစ်ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေအရ   သတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ် အရေအတွက် မပြောင်းလဲဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က မဲဆန္ဒနယ်များပိုင်းခြားသတ်မှတ်ခြင်းနှင့် ရွေးကောက်တင်မြှောက် ရမည့် ကိုယ်စားလှယ်ဦးရေသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ် ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များတွင် သတ်မှတ်ချက်နှင့်အညီ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီ တင်မြှောက်ရာတွင် FPTP စနစ်ကိုသာ  ယခင်အတိုင်းကျင့်သုံးရန်   သဘောတူညီခဲ့ကြကြောင်း။ 

 


PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားပါတီများ၊ လူနည်းစု ကိုယ်စားပြုပါတီငယ်များအနေဖြင့် မိမိနယ်မြေဒေသအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက်အပေါ်မူတည်၍ ရွေးချယ်ခံရသည့်အခွင့်အရေး ပိုမိုရရှိပြီး လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်နေရာများ အချိုးကျ ရရှိကာ မိမိတို့လူမျိုးစုများနှင့် ဒေသအကျိုးဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောင် ကျင်းပမည့် ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးဆောင်ရွက်နိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားသည်။

 


ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနောက်ပိုင်းကာလများ တွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြုကျင့် မှုများနှင့်စပ်လျဉ်းသည့် ကန့်ကွက်လွှာများ အလွန်များပြားသည့်ကိစ္စ ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၁)အရ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းများ၊ မဲလက်မှတ်များ စစ်ဆေးခြင်းအပါအဝင် ရွေးကောက်ပွဲဖြစ်စဉ်များကို စစ်ဆေးဖော်ထုတ်ချက်အရ ထပ်မံတွေ့ရှိ သည့် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှု များကိုလည်း ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲများတွင် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အလားတူ မဖြစ်စေရန်အတွက် မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအပါအဝင် ရွေးကောက်ပွဲနှင့် ပတ်သက်သူ အားလုံးကို မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် ပြည်သူလူထုအသိပညာ ပေးခြင်း( Voter and Civic Education )များကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်ပြီး အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီ များစစ်ဆေးခြင်းအပါအဝင်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းစဉ်များကို  တင်ပြမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် မြေပြင်လူဦး ရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ သည် သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနများမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ကို အခြေခံ ပြုစုထားသည့် စာရင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင် လူဦးရေစာရင်းတို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး / ပြည်နယ် အသီးသီးရှိ မြို့နယ် ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာတွင် ယနေ့အထိ ဆောင်ရွက်ပြီး ၃၃ မြို့နယ်၊ ဆောင်ရွက်ဆဲ ၂၆၄ မြို့နယ် နှင့် ဆောင်ရွက်ရန်ကျန် ၂၈ မြို့နယ်ဖြစ်ကြောင်း၊ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 


နိုင်ငံရေးပါတီများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းပြီး ဆက်လက်တင်ပြ မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ဆဲ နိုင်ငံရေးပါတီ ၉၂ ပါတီ၏ စာရင်းများကို စစ်ဆေးလျက်ရှိရာ လက်ရှိ စစ်ဆေးရန်ကျန် ၁၀ ပါတီဖြစ်ပါကြောင်း၊ ၎င်းပါတီများအနက် တချို့ ပါတီများ၏စာရင်းများကို စစ်ဆေးရန်   ညှိနှိုင်းဆောင်ရွက်ပြီးဖြစ် ကြောင်း၊ ဆက်သွယ်မရဘဲ၊ တိမ်းရှောင်နေသည့်  ပါတီအချို့လည်း ရှိကြောင်း၊ စစ်ဆေးရန်ကျန်သည့် တချို့ပါတီများအနေဖြင့် နယ်မြေ လုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာအခက်အခဲရှိသည်ကို သိရသည့်အတွက် ယင်းပါတီနှင့် ဆက်လက်ညှိနှိုင်းပြီး စစ်ဆေးရေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊  မြန်မာ့လူ့ဘောင်သစ်    ဒီမိုကရက်တစ်ပါတီအနေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ ၂၄ (က)နှင့်အညီ စစ်ဆေးခံရန်ကာလ သတ်မှတ် ၍ ညွှန်ကြားခဲ့သော်လည်း ထပ်မံပျက်ကွက်သည့်အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ၂၄ (ဂ) အရ ယင်းပါတီအား နိုင်ငံရေး ပါတီအဖြစ်  မှတ်ပုံတင်ထားခြင်းကို (၁) နှစ် ယာယီရပ်ဆိုင်းရန်နှင့် ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကော်မရှင်ကညွှန်ကြားထား သော ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများ စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်းများရပ်ဆိုင်းထားရန်၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဃ) အရ  ညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်း။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များနှင့် စစ်ဆေးတွေ့ရှိသည့် ချို့ယွင်းအားနည်းချက်များကို သုံးသပ်၍လည်း ကောင်း၊ နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးတွေ့ရှိချက်များ အရလည်းကောင်း၊ မြန်မာနိုင်ငံနှင့်သင့်လျော်သော ရွေးကောက်ပွဲစနစ် ဖြစ်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေးအတွက် လည်းကောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

 


နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်  (၅) ရပ်မှ လုပ်ငန်းစဉ်(၁) ပါ လုပ်ဆောင်သင့်   လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁၁)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း  ပြောကြားသည်။  


(ဆက်လက်ဖော်ပြပါမည်)