ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေကို ဝိုင်းဝန်းကယ်တင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းပြောကြားလိုက်တဲ့ ကုလသမဂ္ဂ

 

လင်းဟန်သစ်

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်    အန်တိုနီယို ဂူတာရက်စ်က    ရေရှည်စဉ်ဆက်မပြတ်   ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ(SDGs)ကို ဝိုင်းဝန်း ကယ်တင်ဖို့နဲ့ ထိပ်တန်းဦးစားပေးကိစ္စတစ်ခုအဖြစ် လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မေ ၁၇ ရက်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

 


အခါတိုင်းထက် ပိုအရေးကြီး  


“အကျပ်အတည်းတွေ ကြုံတွေ့နေတဲ့  ကမ္ဘာ ကြီးမှာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေကို ကယ်တင်ဖို့ အခါတိုင်းထက် ပိုပြီးအရေးကြီးလာပြီ”လို့ မေ ၁၇ ရက်က ၁၀ ရက် အထိကျင်းပခဲ့တဲ့ ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေး ကောင်စီ(အီကိုဆော့စ်) အခန်းကဏ္ဍမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်   အန်တိုနီယို  ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

 


မိမိတို့ ရင်ဆိုင်ကြုံတွေ့နေတဲ့ ဘေးဒုက္ခအကျပ် အတည်းတွေ စုပြုံလာတဲ့အတွက် ရေရှည်စဉ်ဆက် မပြတ်    ဖွံ့ဖြိုးတိုးတက်ရေး  ရည်မှန်းချက်တွေ (SDGs)  ဟာ       ရှေ့မတိုးဘဲ   တဖြည်းဖြည်းနဲ့ နောက်ဆုတ်လာတဲ့သဘောကို တွေ့နေရပါတယ်။ မိမိတို့အနေနဲ့   ဒီရေရှည်စဉ်ဆက်မပြတ်   ဖွံ့ဖြိုး တိုးတက်ရေး    ရည်မှန်းချက်တွေ (SDGs) ကို ကယ်တင်ဖို့  အများသဘောတူ ထိပ်တန်းဦးစားပေး ကိစ္စဖြစ်ရမယ်လို့    အန်တိုနီယို  ဂူတာရက်စ်က အဓိကထားပြောကြားလိုက်ပါတယ်။

 


ဆင်းရဲဒုက္ခရောက်ကြရ 


ကိုဗစ်-၁၉ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ဟာ လူ့အသက်ပေါင်း ၁၅ သန်းလောက် ဆုံးရှုံးမှုဖြစ်စေခဲ့တယ်လို့ အန်တိုနီယို ဂူတာရက်စ်က ထပ်လောင်းပြောကြားထားပါတယ်။ 

 


ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ် တစ်နှစ်ထဲမှာပဲ သန်း  ၁၀၀  သော  ကမ္ဘာ့ပြည်သူတွေ  ဆင်းရဲဒုက္ခ ရောက်ခဲ့ကြပါတယ်။ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက် မှုတွေကိုလည်း နောက်ကျကျန်ရစ်စေခဲ့ပါတယ်။ အထူးသဖြင့်   အမျိုးသမီးတွေရဲ့   အခွင့်အရေးကို နှောင့်နှေးကျန်ရစ်စေခဲ့ပါတယ်။

 


နာကျင်ပူလောင်မှုကို ခံစားနေရ 


ဖွံ့ဖြိုးတိုးတက်မှုကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ဟာ အရေးပေါ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပမာဏ မညီမျှမှုတွေနဲ့   ရင်ဆိုင်နေရပါတယ်။  ကမ္ဘာလုံး ဆိုင်ရာ အစိုးရတွေနဲ့ ပြည်သူတွေဟာ ဒီလိုခက်ခဲတဲ့ အချိန်မှာ   ကုလသမဂ္ဂရဲ့ ထောက်ပံ့မှုကို မျှော်လင့် နေကြပါတယ်။ 

 


အခုဆိုရင်    ကမ္ဘာကြီးဟာ   မီးလောင်သလို နာကျင်ပူလောင်မှုကို      ခံစားနေရကြောင်းနဲ့ အရေးပေါ်အကူအညီ         လိုအပ်နေသူတွေကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အကူအညီတွေ မပေးနိုင်သေးဘူးလို့ ကုလသမဂ္ဂအတွင်းရေမှူးချုပ် က မီးမောင်းထိုးပြခဲ့ပါတယ်။

 


ရလဒ်ကောင်းတွေ ထွက်ပေါ်လာရမယ် 


အခြားနည်းလမ်းရွေးစရာမရှိတဲ့အတွက် မိမိတို့ တွေဟာ  မိမိတို့ရဲ့  လုပ်နိုင်စွမ်းနဲ့  ခွန်အားတွေကို အစွမ်းကုန်အသုံးချ    လုပ်ဆောင်ကြရမှာ   ဖြစ်ပါ တယ်။

 


ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ ဂူတာရက်စ်က    ရေရှည်စဉ်ဆက်မပြတ်   ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ(SDGs)ကို ဝိုင်းဝန်း ကယ်တင်ဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် တဲ့အခါမှာ  ရလဒ်ကောင်းတွေ   ထွက်ပေါ်လာရမှာ ဖြစ်တယ်လို့‌ ပြောကြားလိုက်ပါတယ်။

 


ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့လုပ်ဆောင်ရမယ် 


မိမိတို့ရဲ့   ချဉ်းကပ်မှုမှာ   ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့       လုပ်ဆောင်ဖို့လိုကြောင်းနဲ့ ဘယ်အေဂျင်စီမှ ဒါကို တစ်ဦးတည်း လုပ်ဆောင်နိုင် မှာမဟုတ်ကြောင်း၊ အကယ်၍ လိုအပ်တဲ့ စားနပ် ရိက္ခာအစီအစဉ်၊ စွမ်းအင်နဲ့ ဒစ်ဂျစ်တယ်ဆက်သွယ် မှုတွေအပြင် တခြားကိစ္စရပ်တွေရဲ့ အသွင်ကူးပြောင်း မှုအပိုင်းမှာ     ထောက်ပံ့ပေးဖို့အတွက်    မိမိတို့ရဲ့ ကုလသမဂ္ဂ       အဖိုးတန်အရည်အချင်းတွေကို ပေါင်းစပ်မယ်ဆိုပါက လိုအပ်တဲ့  ရင်းနှီးမြှုပ်နှံမှု အဆင့်မှာလည်း     အသင့်ပြင်ထားဖို့လိုကြောင်း ဂူတာရက်စ်က ပြောပါတယ်။

 


ကုလသမဂ္ဂ      ဌာနေကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အကောင် အထည်ပေါ်ဖို့ အဓိက အခန်းကဏ္ဍက ပါဝင်လိမ့်မည် ဖြစ်ကြောင်းနဲ့ တစ်ဖက်ကလည်း လူတိုင်းအတွက် လူမှုရေးကာကွယ်မှုများနဲ့         ကောင်းမွန်သော အလုပ်များရရှိရေးအတွက် အကောင်အထည်ဖော် သွားရမှာဖြစ်ကြောင်း   ဂူတာရက်စ်က  ပြောကြား လိုက်ပါတယ်။ 

 


ကျယ်ပြန့်တဲ့ ဆုံးဖြတ်ချက်ဖြစ် 


အခုလို   အသွင်ကူးပြောင်းမှုတွေဟာ      ၂၀၃၀ ပြည့်နှစ် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ကျယ်ပြန့်တဲ့ ဆုံးဖြတ်ချက်တွေလည်း  ဖြစ်ပါတယ်။   ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် များ(SDGs)ကို ဝိုင်းဝန်းကယ်တင်နိုင်ဖို့ဆိုတာ ကမ္ဘာ တစ်ဝန်းလုံးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ပဲ ဖြစ်ပါ တယ်လို့ ဂူတာရက်စ်က ပြောပါတယ်။ ရေရှည်မှာ မိမိတို့ဟာ ပြီးပြည့်စုံတဲ့ ကမ္ဘာ့စီးပွားရေးစနစ်ကြီးကို လိုအပ်ပါတယ်။ 

 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့  ဖွဲ့စည်းထားတဲ့  ကုလသမဂ္ဂ အဖွဲ့ကြီးကို   ကြီးမားတဲ့အစီအစဉ်တွေ  အကောင် အထည်ဖော်ဖို့ သိုင်းသိုင်းဝိုင်းဝိုင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။    ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ      ပိုပြီးပေါင်းစည်းကြဖို့နဲ့ စုစုစည်းစည်းလုပ်ဆောင်ကြဖို့  သူက တိုက်တွန်း လိုက်ပါတယ်။

 


ကတိကိုတည်တံ့အောင် လုပ်ဆောင်ကြရမယ် 


မိမိတို့တွေဟာ          ရေရှည်စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေး        ရည်မှန်းချက်တွေကို ဝိုင်းဝန်းကယ်တင်ဖို့     လုပ်ဆောင်ဖို့လိုကြောင်းနဲ့ ငြိမ်းချမ်းတဲ့၊      ဂုဏ်သိက္ခာရှိတဲ့၊   ကြွယ်ဝတဲ့၊ ကျန်းမာတဲ့ ကမ္ဘာကြီးဖြစ်ဖို့ မိမိတို့ရဲ့ ကတိတွေကို ဆက်လက်တည်တံ့ အောင်   လုပ်ဆောင်သွားကြရမှာ   ဖြစ်တယ်လို့    ဂူတာရက်စ်က   ပြောကြားလိုက်ပါ တယ်။  

ကိုးကား - ဆင်ဟွာ