ဝါရှင်တန် မေ ၁၉
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သမီးဖြစ်သူ အက်ရှ်လေဘိုင်ဒင် သည် ကိုဗစ်-၁၉ ရောဂါကူးစက် ခံထားရကြောင်း အိမ်ဖြူတော်က မေ ၁၈ ရက်တွင် ပြောကြားသည်။
ထို့ကြောင့် အက်ရှ်လေဘိုင်ဒင် သည် သမ္မတကတော် ဂျေး ဘိုင်ဒင်နှင့် လက်တင်အမေရိက ကိုသွားမည့် နိုင်ငံခြားခရီးစဉ် ကို ဖျက်သိမ်းလိုက်ရကြောင်း ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် လာရို့စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ အသက် ၄၀ ရှိ အက်ရှ်လေဘိုင်ဒင်သည် မေ ၁၈ ရက် နေ့လယ်ပိုင်းတွင် သမ္မတ ကတော် ဂျေးဘိုင်ဒင်နှင့်အတူ အီကွေဒေါနိုင်ငံသို့ ခရီးထွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
အက်ရှ်လေ၏ အဆိုပါ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုသည် သမ္မတ ဂျိုးဘိုင်ဒင်၏ အတွင်းစည်းမှ နောက်ဆုံး ကူးစက်ခံရမှုဖြစ် ကြောင်း သိရသည်။ ထို့အပြင် မေ ၁၈ ရက်က အမေရိကန် ကျန်းမာ ရေးနှင့် လူ့စွမ်းအားဝန်ကြီး ဆာဗီယာဘက်ကာရာ တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေ ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဘက်ကာရာ သည် မကြာသေးမီ သီတင်းပတ်က အိမ်ဖြူတော်သို့ ဝင်ထွက်မှုပြုခဲ့ သော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အနီးကပ်ထိတွေ့ ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၃ သန်း ကျော်နှင့် သေဆုံးသူ တစ်သန်း ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်သော အချက်အလက်အရ သိရသည်။
ဆင်ဟွာ



