ကွီတို မေ ၁၈
အီကွေဒေါနိုင်ငံသည် တရုတ်နိုင်ငံမှ ထပ်မံလှူဒါန်း သော ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ဒသမ ၅ သန်း ကို မေ ၁၇ ရက်က လက်ခံရရှိခဲ့ကြောင်း သိရသည်။ အီကွေဒေါ ဒုတိယသမ္မတ အယ်ဖရက်ဒို ဘော်ရီရို၊ နိုင်ငံခြားရေးဝန်ကြီး ဂျူအန် ကားလို့စ် ဟိုဂူအင်၊ ပြည်သူ့ကျန်းမာရေး ဒုတိယဝန်ကြီး မီဂွယ် မော်ရီရာ နှင့် အီကွေဒေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဂေါကျိုတို့သည် ကွီတိုရှိ Mariscal Sucre အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသော ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၂ ဒသမ ၅ သန်း လက်ခံရရှိပြီဖြစ် ကြောင်း၊ အီကွေဒေါနိုင်ငံ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရေးအစီအစဉ် အောင်မြင်ရန် ပံ့ပိုးပေးသော တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း သမ္မတ ဂွီလ်လာမို လာဆို ကိုယ်စား ဒုတိယသမ္မတဖြစ်သူ ဘော်ရီရိုက ပြောကြားသည်။
ထို့အပြင် တရုတ်နိုင်ငံက လှူဒါန်းသော ထပ်မံ ရောက်ရှိလာသည့် ကာကွယ်ဆေးများကို အသက် သုံးနှစ်နှင့် ငါးနှစ်ကြား ကလေးငယ်များကို ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ကားလို့စ် ဟိုဂူအင်က ပြောကြားသည်။
အီကွေဒေါ အမျိုးသားကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် စတင်ခဲ့ ကြောင်း၊ နိုင်ငံ့လူဦးရေ ၁၃ ဒသမ ၉ သန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း အီကွေဒေါကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
ဆင်ဟွာ



