ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပစ္စည်းများ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှတစ်ဆင့် ထပ်မံရောက်ရှိ

 

 

 

ရန်ကုန် အောက်တိုဘာ ၂၉

 

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူ ထားသော ပစ္စည်းများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့သို့ ယနေ့တွင် အထူး လေယာဉ်များဖြင့် ဆက်လက် ရောက်ရှိကြသည်။

 

 

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ် ငါးခေါက်နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ် သုံးခေါက် ရောက်ရှိကြပြီး ယနေ့ ရောက်ရှိသော ပစ္စည်းများမှာ KN95 Mask များ၊ Boots များ ဖြစ်ကြောင်း သိရသည်။

 

 

အထောက်အကူပစ္စည်း များမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်တို့မှတစ်ဆင့် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အတွင်း အထူးလေယာဉ်များ ဖြင့် ဆက်လက်ရောက်ရှိလာမည်ဖြစ် ကြောင်း သိရသည်။

 

 

သတင်းစဉ်