နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး

 

 

 

 

နေပြည်တော် အောက်တိုဘာ ၂၉

 

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ တာမွေမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသည်။

 

 

ဆန္ဒမဲလက်မှတ်များထည့်သွင်း

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လျှို့ဝှက်ဆန္ဒမဲပေးပြီး ယာယီ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များကို ထည့်သွင်းသည်။

 

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် မဲဆန္ဒနယ်ပြင်ပသို့ ပုံစံ - ၁၅ ထုတ်ပေးမှုနှင့် ဆန္ဒမဲပေးပြီးကြောင်း မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

 

 

သတင်းစဉ်