(၆) ကြိမ်မြောက် အာဆီယံ- အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၂၃


(၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများအဆင့် အစည်း အဝေးကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ကမ္ဘော ဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော နှင့် ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Mr. Veng Sakhon တို့ က သဘာပတိ အဖြစ် ဦးဆောင်ကျင်းပပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှ စိုက်ပျိုးရေးဝန်ကြီးများ ပါဝင် တက်ရောက်ကြသည်။
(၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ စားနပ် ရိက္ခာဖူလုံရေး၊ အစားအစာ ဘေး အန္တရာယ်ကင်းရှင်းစေရေးနှင့် အာဟာရ ပြည့်ဝစေရေး၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးတို့အတွက် တုံ့ပြန် ဆောင်ရွက်နေသည့် နည်းလမ်းများ နှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံအလိုက် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ နှင့်စပ်လျဉ်း၍ သတင်းအချက် အလက်များ ဖလှယ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက နိုင်ငံများအနေဖြင့် ၂၀၁၇- ၂၀၁၈ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် အစား အစာ ကပ်ဆိုက်သော အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် ဒေသဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် ကျန်းမာရေး ဆိုင်ရာ ကပ်ဘေးမှ အစားအစာဆိုင်ရာ ကပ်ဘေးသို့ ရောက်ရှိမည့်အရေးကို အထူးဂရုပြုရန်လိုကြောင်း ထည့်သွင်း ပြောကြားသည်။
ဆက်လက်၍ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှု၊ ၂၀၂၁-၂၀၂၅ ခုနှစ် အတွက် အသစ်ထပ်မံရေးဆွဲထား သော စိုက်ပျိုးရေး၊ သစ်တောဆိုင်ရာ ကာလလတ် လုပ်ငန်းစဉ်များအား မှတ်တမ်းတင်ခြင်း၊ အစည်းအဝေး တွင် (၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်း အဝေးအတွက် အဆင့်မြင့်အရာရှိများ အကြိုညှိနှိုင်း အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်း တာဝန်များကို ပြန်လည်ပြင်ဆင်၍ အဆိုပါလုပ်ငန်း အဖွဲ့အစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပမည် ဖြစ်ပြီး ဝန်ကြီးအဆင့်အစည်းအဝေး ကို နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရန် ဆွေးနွေး အတည်ပြုခဲ့ကြသည်။
ထို့နောက် (၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အစည်းအဝေးမှ အတည်ပြုခဲ့ပြီး နောက်တစ်ကြိမ် ကျင်းပမည့် (၇) ကြိမ်မြောက် အာဆီယံ- အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်