နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း


 

နေပြည်တော် အောက်တိုဘာ ၂၃


နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလ ရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့ နန်းဦး ကျောင်းတိုက် ဓမ္မာရုံကြီး၌ ကျင်းပ သည်။
လှူဒါန်းပွဲသို့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတ အမှူးပြု သော ဆရာတော်ကြီး ငါးပါး ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြ သည်။
ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲတွင် ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ကုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တ ပဏ္ဍိတထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာန ဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းကြပြီး ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတော ကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တ ဥတ္တရထံမှ အနုမောဒနာ တရား နာကြားကြကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန် တော် ဆက်ကပ်လှူဒါန်းပွဲတွင် Coro-navirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် နေစဉ်ကာလအတွင်း ဇမ္ဗူသီရိမြို့နယ် ရှိ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်း တို့တွင် သီတင်းသုံးဝါဆိုတော်မူကြ သော ရဟန်း၊ သာမဏေ ၆၄၁ ပါး အတွက် ဆွမ်းဆန်တော်အိတ် ၈၂ အိတ် ကို လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် ရှိ ဘုန်းတော်ကြီးကျောင်း ၄၀ နှင့် သီလရှင်ကျောင်း တစ်ကျောင်းတို့တွင် သီတင်းသုံး ဝါဆိုတော်မူကြသော ရဟန်း၊ သာမဏေ ၆၁၇ ပါး၊ သီလရှင် ၉၇ ပါးတို့အတွက် ဆွမ်းဆန်တော် အိတ် ၁၃၂ အိတ်ကို လည်းကောင်း၊ စုစုပေါင်း ဆွမ်းဆန်တော် ၂၁၄ အိတ် တို့ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သတင်းစဉ်