ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မန္တလေးမြို့ ရတနာပုံအပန်းဖြေဥယျာဉ် တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှု

 

နေပြည်တော်   မတ်   ၂၀


ပြန်ကြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး    ဦးမောင်မောင် အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို  တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ရတနာပုံအပန်းဖြေဥယျာဉ် တည် ဆောက်မှုလုပ်ငန်းများကို ကြည့်ရှု ၍ ပြည်သူများ အနားယူအပန်းဖြေ နိုင်မည့် အစီအစဉ်များကို အကြံပြု ဆွေးနွေးကြသည်။

 


ရှေးဦးစွာ      တိုင်းဒေသကြီး ဝန်ကြီးချုပ်       ဦးမောင်ကိုက မန္တလေးမြို့၏ သမိုင်းအစဉ်အလာ  ကြီးမားခဲ့မှုနှင့် ယဉ်ကျေးမှုအမွေ အနှစ်ပစ္စည်းများ  ထိန်းသိမ်းစောင့် ရှောက်ရန် စီမံဆောင်ရွက်ထားမှု များ၊ ရတနာပုံအပန်းဖြေဥယျာဉ်  တည်ဆောက်ပြီးစီးမှုနှင့် ပြည်သူ များ အပန်းဖြေအနားယူနိုင်မည့် အခြေအနေများ၊       ညပိုင်းတွင် မန္တလေးတောင်တော် ရှုခင်းအလှ၊  ကျုံးရေပြင်နှင့်    နန်းမြို့ရိုးအလှ များကို     ကြည့်ရှုခံစားနိုင်မည့် အခြေအနေများကို ရှင်းလင်းပြော ကြားသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာန    အနေ ဖြင့်    တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ဆောင်ရွက်နေ သော လုပ်ငန်းများကို ပြည်သူများ သိမြင်ခံစားနိုင်ရန်            အတွက် မီဒီယာ     နည်းလမ်းများဖြင့် အားဖြည့်ကူညီ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊       မန္တလေး နန်းမြို့ရိုးနှင့်    ကျုံးရေပြင်သည် မြန်မာလူမျိုးတိုင်းက တန်ဖိုးထား ကြသည့် သမိုင်းအမွေအနှစ်များ ဖြစ်ကြောင်း၊ မိမိတို့ မြန်မာလူမျိုး များသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်  ကြီးမြင့်သူများ               ဖြစ်သဖြင့် နောင်လာနောက်သား     များကို သိမြင်ခံစား     ထိန်းသိမ်းတတ် အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊      ယခု ကဲ့သို့     မန္တလေးနန်းမြို့ရိုးကြီး အနီးတွင် အပန်းဖြေဥယျာဉ်ကြီး တစ်ခုကို ဖန်တီးဖော်ဆောင်ပေး သည့်အတွက်      မန္တလေးမြို့သူ မြို့သားများအတွက်         သာမက မြန်မာနိုင်ငံ    အနှံ့အပြားမှ    လာ ရောက် လည်ပတ်ကြသူများကပါ  ဝမ်းမြောက်ဂုဏ်ယူနေ ကြမည်ဟု ယုံကြည်ပါကြောင်း၊    မန္တလေးမြို့ သည်   လမ်းပန်းဆက်သွယ်ရေး အရ အရေးပါသည့် မြို့ကြီးတစ်မြို့ အဖြစ်သာမက ကုန်းဘောင်ခေတ်  နှောင်းပိုင်းကာလ    သမိုင်းအမွေ အနှစ်များ    စုဝေးရာ  နေရာဌာန ဖြစ်သည့်အတွက်   မြန်မာလူမျိုး တိုင်း၏ အသည်းနှလုံးဟု ဆိုနိုင် မည်ဖြစ်ပါကြောင်းနှင့်    လုပ်ငန်း များ    ယခုထက်    ပိုမိုတိုးတက် အောင်မြင်စေရန်    ဆန္ဒပြုအပ်ပါ ကြောင်း ပြောကြားပြီး ရတနာပုံ အပန်းဖြေဥယျာဉ်အတွင်း   လှည့် လည်ကြည့်ရှုသည်။

 


အဆိုပါ  ရတနာပုံအပန်းဖြေ ဥယျာဉ်ကို        ၂၀၂၁    ခုနှစ် အောက်တိုဘာလတွင်    စတင် အကောင်အထည်ဖော်     ဆောင် ရွက်ခဲ့ပြီး    မန္တလေးနန်းမြို့   ကျုံး အရှေ့ဘက်ခြမ်း ပြအိုး ၁၃ မှ ၂၅ အထိ၊     ကျုံးတောင်ဘက်ခြမ်း ပြအိုး ၁ မှ ၁၃ အထိ ဧရိယာအတွင်း လျှောက်လမ်းများ၊   ပန်းခုံများ၊ ရာသီပန်းများ၊    မြေယာရှုခင်း အလှများ၊  အလှမီးတိုင်များဖြင့် တည်ဆောက်ထားပြီး ပြည်သူများ အနားယူအပန်းဖြေနိုင်ရန်     စီစဉ် ဆောင်ရွက်    ပေးထားကြောင်း သိရသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်    ပြည်ကြီးတံခွန် မြို့နယ်ရှိ     ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လူငယ် များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များကို        တိုးမြှင့် လုပ်ဆောင်ရန်နှင့်     လူငယ်များ အတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရေး၊  အားကစားပြိုင်ပွဲများ      ကျင်းပ ပြုလုပ်ရေးတို့နှင့်    စပ်လျဉ်းပြီး ဆွေးနွေးပြောကြားကာ    ဝန်ထမ်း များအတွက်       ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ     များကို ပေးအပ်သည်။        

 သတင်းစဉ်